တရားမဝင္သယ္ေဆာင္သူမ်ားထံမွ သိမ္းဆည္းရမိသည့္ ေအာက္ခ်င္းငွက္/ေအာင္ေလာင္ငွက္မ်ားအား ငဖဲၿမိဳ႕နယ္ သစ္ေတာႀကိဳးဝိုင္းတြင္ ျပန္လႊတ္ေပး

တရားမဝင္သယ္ေဆာင္သူမ်ားထံမွ သိမ္းဆည္းရမိသည့္ ေအာက္ခ်င္းငွက္/ေအာင္ေလာင္ငွက္မ်ားအား ငဖဲၿမိဳ႕နယ္ သစ္ေတာႀကိဳးဝိုင္းတြင္ ျပန္လႊတ္ေပး
အောက်တိုဘာ 15, 2017
By 🌸
မေကြးတိုင္းေဒသႀကီး မင္းတုန္းၿမိဳ႕နယ္ ပုသိမ္ - မံုရြာကားလမ္းတြင္ တရားမဝင္သယ္ေဆာင္လာသူထံမွ သိမ္းဆည္းရမိသည့္ ေအာက္ခ်င္းငွက္/ ေအာင္ေလာင္ငွက္ (၉)ေကာင္အား ေအာက္တိုဘာ(၁၅)ရက္ေန႔ နံနက္ပိုင္းက ငဖဲၿမိဳ႕နယ္ နတ္ေရကန္ေတာင္ေရထိန္းေတာတြင္ ျပန္လႊတ္ေပးလိုက္ေၾကာင္း သိရသည္။

“တရားမဝင္သယ္ေဆာင္လာလို႔ သိမ္းဆည္းရမိခဲ႔တဲ႔ ေအာက္ခ်င္းငွက္ (၉)ေကာင္ကို တိုင္းသစ္ေတာ ဦးစီးဌာနရဲ႕ ညႊန္ၾကားခ်က္အရ ငဖဲၿမိဳ႕နယ္ နတ္ေရကန္ေတာင္ေဒသ ဂုတ္ႀကီးေရထိန္းေတာအတြင္း မန္း ႀကိဳးျပင္မွာ ျပန္လည္လႊတ္ေပးခဲ႔တာပါ”ဟု ငဖဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွဴး ဦးေအာင္းမင္းသူက တာခ်ီ လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေအာက္ခ်င္းငွက္မ်ားအား မင္းတုန္းၿမိဳ႕ဘက္မွ ျပည္ၿမိဳ႕ဘက္သို႔ ပို႔ေဆာင္ရန္ ႏွီးျခင္းမ်ားျဖင့္ထည့္၍ ဆိုင္ကယ္ျဖင့္သယ္ေဆာင္လာသည့္ ခ်စ္မင္းသူဆိုသူအား ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕၊ မင္းတုန္းၿမိဳ႕နယ္သစ္ေတာဦးစီးဌာနတို႔ပါဝင္သည့္အဖြဲ႕က စစ္ေဆးေတြ႔ရိွခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါငွက္မ်ားအား ပို႔ေဆာင္ေပးရန္ ဆိုင္ကယ္ကယ္ရီခ ႏွစ္ေသာင္းသုံးေထာင္က်ပ္ျဖင့္ တိုင္းတားေက်းရြာမွ မင္းတုန္းတံတားေက်ာ္သည္အထိ ေမာင္းပို႔ရျခင္းျဖစ္ေၾကာင္းသိရၿပီး ပိုင္ရွင္ျဖစ္သူမ်ားမွာ ဦးစိမ္းေမာင္ႏွင့္ ဦးေမာင္ၾကာတို႔ျဖစ္ေၾကာင္း သိရိွရသျဖင့္ ပိုင္ရွင္ႏွစ္ဦးႏွင့္ သယ္ေဆာင္ေပးသူတို႔အား မင္းတုန္းၿမိဳ႕မရဲစခန္းတြင္ ေတာ႐ိုင္းတိရိစၦာန္ႏွင့္သဘာဝအပင္မ်ား ကာကြယ္ေရးႏွင္႔ သဘာဝနယ္ေျမမ်ား ထိမ္းသိမ္းေရးဥပေဒပုဒ္မ ၃၇(က)ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သိမ္းဆည္းထားသည့္ ေအာက္ခ်င္းငွက္/ေအာင္ေလာင္ငွက္မ်ားအား မင္းတုန္းၿမိဳ႕နယ္ သစ္ေတာဦးစီးဌာန၊ ငဖဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာနႏွင့္ လူငယ္ကြန္ယက္အဖြဲ႔တုိ႔က ငဖဲၿမိဳ႕နယ္ နတ္ေရကန္ေတာင္ေတာင္ (မန္း)ႀကိဳးဝိုင္းတြင္ ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
တရားမဝင်သယ်ဆောင်သူများထံမှ သိမ်းဆည်းရမိသည့် အောက်ချင်းငှက်/အောင်လောင်ငှက်များအား ငဖဲမြို့နယ် သစ်တောကြိုးဝိုင်းတွင် ပြန်လွှတ်ပေး
******
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် တရားမဝင်သယ်ဆောင်လာသူထံမှ သိမ်းဆည်းရမိသည့် အောက်ချင်းငှက်/ အောင်လောင်ငှက် (၉)ကောင်အား အောက်တိုဘာ(၁၅)ရက်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ် နတ်ရေကန်တောင်ရေထိန်းတောတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“တရားမဝင်သယ်ဆောင်လာလို့ သိမ်းဆည်းရမိခဲ့တဲ့ အောက်ချင်းငှက် (၉)ကောင်ကို တိုင်းသစ်တော ဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ ဂုတ်ကြီးရေထိန်းတောအတွင်း မန်း ကြိုးပြင်မှာ ပြန်လည်လွှတ်ပေးခဲ့တာပါ”ဟု ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအောင်းမင်းသူက တာချီ လိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအောက်ချင်းငှက်များအား မင်းတုန်းမြို့ဘက်မှ ပြည်မြို့ဘက်သို့ ပို့ဆောင်ရန် နှီးခြင်းများဖြင့်ထည့်၍ ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသည့် ချစ်မင်းသူဆိုသူအား အောက်တိုဘာလ (၈)ရက်နေ့တွင် ရဲတပ်ဖွဲ့၊ မင်းတုန်းမြို့နယ်သစ်တောဦးစီးဌာနတို့ပါဝင်သည့်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါငှက်များအား ပို့ဆောင်ပေးရန် ဆိုင်ကယ်ကယ်ရီခ နှစ်သောင်းသုံးထောင်ကျပ်ဖြင့် တိုင်းတားကျေးရွာမှ မင်းတုန်းတံတားကျော်သည်အထိ မောင်းပို့ရခြင်းဖြစ်ကြောင်းသိရပြီး ပိုင်ရှင်ဖြစ်သူများမှာ ဦးစိမ်းမောင်နှင့် ဦးမောင်ကြာတို့ဖြစ်ကြောင်း သိရှိရသဖြင့် ပိုင်ရှင်နှစ်ဦးနှင့် သယ်ဆောင်ပေးသူတို့အား မင်းတုန်းမြို့မရဲစခန်းတွင် တောရိုင်းတိရိစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိမ်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သိမ်းဆည်းထားသည့် အောက်ချင်းငှက်/အောင်လောင်ငှက်များအား မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာန၊ ငဖဲမြို့နယ်သစ်တောဦးစီးဌာနနှင့် လူငယ်ကွန်ယက်အဖွဲ့တို့က ငဖဲမြို့နယ် နတ်ရေကန်တောင်တောင် (မန်း)ကြိုးဝိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~