မေကြးၿမိဳ႕မရဲအခ်ဳပ္ခန္းမွ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားအနက္ တတိယေျမာက္တစ္ဦးအား ထပ္မံဖမ္းဆီးရမိ

မေကြးၿမိဳ႕မရဲအခ်ဳပ္ခန္းမွ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားအနက္ တတိယေျမာက္တစ္ဦးအား ထပ္မံဖမ္းဆီးရမိ
အောက်တိုဘာ 15, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕မရဲအခ်ဳပ္ခန္းမွ ထြက္ေျပးလြတ္ေျမာက္သြားေသာ အခ်ဳပ္သား(၆)ဦးအနက္ တစ္ဦးကို ေအာက္တိုဘာ(၁၄)ရက္ညေန (၃)နာရီခြဲအခ်ိန္ခန္႔က ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း မေကြးၿမိဳ႕မရဲစခန္းမွ သိရသည္။

“လြတ္ေျမာက္သြားတဲ့ အခ်ဳပ္သားေတြ ျပန္လည္ဖမ္းဆီးရမိႏိုင္ေရးအတြက္ ကၽြန္ေတာ္တို႔ အစြမ္းကုန္ ႀကိဳးစားေနပါတယ္။ ဒီတစ္ေယာက္ကို သစ္ရာေကာက္ေက်းရြာအုပ္စု ဖိုေဝးေက်းရြာအနီး ေတာအုပ္ထဲကေန ဖမ္းဆီးႏိုင္ခဲ့တာပါ။ ရဲနဲ႔ျပည္သူပူးေပါင္းမႈ အက်ိဳးရလဒ္ပါပဲ”ဟု မေကြးၿမိဳ႕မရဲစခန္း ဒုတိယစခန္းမွဴး ရဲအုပ္ထန္းလိန္းကီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထြက္ေျပးလြတ္ေျမာက္ေနသည့္ ပုဒ္မ ၃၈၀ ျဖင္႔ အမႈရင္ဆိုင္ေနရသူ ခိုင္စိုးအား မေကြးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးေငြတင္ဦးစီးအဖြဲ႔က ေအာက္တိုဘာ(၁၄)ရက္ ညေန(၃)နာရီခြဲအခ်ိန္ခန္႔တြင္ သစ္ရာေကာက္ ေက်းရြာအုပ္စု ဖိုေဝးေက်းရြာအနီးရွိ ေတာအုပ္အတြင္းမွ ျပန္လည္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မေကြးၿမိဳ႕မရဲအခ်ဳပ္ခန္းမွ (၆)ဦးသည္ ေအာက္တိုဘာလ(၁၁)ရက္ နံနက္ပိုင္းက ထြက္ေျပးသြားၾကျခင္းျဖစ္ၿပီး ၎တို႔အနက္မွ (၃)ဦးကို ျပန္လည္ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

က်န္ရိွသည့္ (၃)ဦးကို ျပန္လည္ဖမ္းဆီးရမိရန္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း -  #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မရဲအချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား(၆)ဦးအနက် တစ်ဦးကို အောက်တိုဘာ(၁၄)ရက်ညနေ (၃)နာရီခွဲအချိန်ခန့်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

“လွတ်မြောက်သွားတဲ့ အချုပ်သားတွေ ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒီတစ်ယောက်ကို သစ်ရာကောက်ကျေးရွာအုပ်စု ဖိုဝေးကျေးရွာအနီး တောအုပ်ထဲကနေ ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲနဲ့ပြည်သူပူးပေါင်းမှု အကျိုးရလဒ်ပါပဲ”ဟု မကွေးမြို့မရဲစခန်း ဒုတိယစခန်းမှူး ရဲအုပ်ထန်းလိန်းကီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်နေသည့် ပုဒ်မ ၃၈၀ ဖြင့် အမှုရင်ဆိုင်နေရသူ ခိုင်စိုးအား မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်ဦးစီးအဖွဲ့က အောက်တိုဘာ(၁၄)ရက် ညနေ(၃)နာရီခွဲအချိန်ခန့်တွင် သစ်ရာကောက် ကျေးရွာအုပ်စု ဖိုဝေးကျေးရွာအနီးရှိ တောအုပ်အတွင်းမှ ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မကွေးမြို့မရဲအချုပ်ခန်းမှ (၆)ဦးသည် အောက်တိုဘာလ(၁၁)ရက် နံနက်ပိုင်းက ထွက်ပြေးသွားကြခြင်းဖြစ်ပြီး၎င်းတို့အနက်မှ (၃)ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် (၃)ဦးကို ပြန်လည်ဖမ်းဆီးရမိရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~