လူု့ဂုဏ်သိက္ခာရုပ်ရှင်သိပံ္ပသည် ၂၀၁၃ ခုနှစ်မှ အစပြု၍ ခရီးသွားရုပ်ရှင်ပွဲတော်များကို မြန်မာနိုင်ငံ အနှံ့အပြား ကျင်းပခဲ့ရာ (၄ ) နှစ်အတွင်း ပူတာအို၊ တောင်ကုတ်၊ ကော့သောင်းနှင့် တာချီလိတ်အပါအဝင် နေရာပေါင်း (၉၁) နေရာတွင် ရုပ်ရှင်ပွဲတော်ပေါင်း (၉၁) ခုကို ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
သတင်း #ဖီးနစ်၊ #မျိုးမင်းဦး
**************
၂၀၁၇ ခုနှစ် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ တွင် စတင်လိုက်ပြီး အောက်တိုဘာလ (၂၀)ရက်နေ့ ည (၇)နာရီ၌ မြို့ နယ်ခန်းမကြီးတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
"လူ့အခွင့်အရေးနှင့် လူ ့ဂုဏ် သိက္ခာခရီးသွားရုပ်ရှင်ပွဲတော် ကို မကွေးတိုင်းအတွင်း ပထမဆုံး စတင်ပြသခဲ့တာ ကတော့ ၂၀၁၅ ခုနှစ်မှာ မကွေးမြို့က နန်းထိုက်သူ ဟိုတယ်မှာပါ။ နိုင်ငံတကာရုပ်ရှင်ပွဲတာ်အမည်နဲ့ ပြသခဲ့တာပါ။ နောက်တော့ မြို့နယ်တစ်ခု ချင်း မှာ ပြသခဲ့လို့ ခရီးသွားရုပ်ရှင်ပွဲ တော်ဆိုပြီး မြန်မာတစ်နိုင်ငံလုံး မြို့နယ်ပေါင်း (၉၀) ကျော်မှာ ပြ သပေးခဲ့ပြီးပါပြီ"ဟု တောင်တွင်း ကြီး မြို့နယ်အတွက်ပွဲစီစဉ်သူ ဒေါက်တာ ကျော်ဆွေကပြောသည်။
ရုပ်ရှင်ပွဲတော်တွင် Bog Boy (ကတုံး) ၊ A girl in 10×10 (ပန်းငုဝါ)၊ Deep inside her (မြင် အောင်ကြည့်ပေးပါ)၊ Equilib- rium (မျှခြေ)၊ SHE(သုံးရောင် စဉ်)၊ Burma Storybook (မြန်မာပုံပြင်စာအုပ်) ဇာတ်ကား (၆)ကားအား အခမဲ့ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်အား အောက်တိုဘာလ(၂၂)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာရှိ ဆုတာင်းပြည့်ဓမ္မာရုံနှင့် အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကံပေးကြီးအုပ်စု၊ ကံပေး-သဲကော ကျေးရွာတို့တွင် ဆက်လက်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
လူု့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံသည် ၂၀၁၃ ခုနှစ်မှ အစပြု၍ ခရီးသွားရုပ်ရှင်ပွဲတော်များကို မြန်မာနိုင်ငံ အနှံ့အပြား ကျင်းပခဲ့ရာ (၄ ) နှစ်အတွင်း ပူတာအို၊ တောင်ကုတ်၊ ကော့သောင်းနှင့် တာချီလိတ်အပါအဝင် နေရာပေါင်း (၉၁) နေရာတွင် ရုပ်ရှင်ပွဲတော်ပေါင်း (၉၁) ခုကို ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
သတင်း #ဖီးနစ်၊ #မိိျုးမင်းဦး