တာေလ - ပါလ်ိဳး - က်ိဳင္းလပ္လမ္းမွ ဝမ္ပံုရြာတံတား နမ့္ဟေခ်ာင္းေရ တုိက္စားမႈေၾကာင့္ ေမ်ာပါ၍ အျမန္ဆံုး ေဆာင္ရြက္ေန

တာေလ - ပါလ်ိဳး - က်ိဳင္းလပ္လမ္းမွ ဝမ္ပံုရြာတံတား နမ့္ဟေခ်ာင္းေရ တုိက္စားမႈေၾကာင့္ ေမ်ာပါ၍ အျမန္ဆံုး ေဆာင္ရြက္ေန
စက်တင်ဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ က်ိဳင္းလပ္ၿမိဳ႕ မုိင္းပါလ်ိဳးေက်းရြာအုပ္စု၊ နမ့္ကုိင္းေက်းရြာ ႏွင့္ ၀မ္ပံုေက်းရြာအၾကားရွိ တာေလ - ပါလ်ိဳး- က်ိဳင္းလပ္ သြားလမ္းမွ မုိင္တုိင္ အမွတ္ ၃၁/၅၀၀ ရွိ ၀မ္ပံုရြာ တံတားမွာ နမ့္ဟေခ်ာင္းေရ တုိက္စားသျဖင့္ စက္တင္ဘာလ (၂)ရက္ေန႔က ေမ်ာပါသြားေၾကာင္း သိရသည္။

အဆိုပါ ကြန္ကရစ္တံတားမွာ စက္တင္ဘာလ(၂)ရက္ေန႔အကူး နံနက္ နံနက္ (၂)နာရီခြဲ၀န္းက်င္က ေမ်ာပါသြားျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ၊ တာခ်ီလိတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာန ၊ ၿမိဳ႕နယ္အင္ဂ်င္နီယာ ဦးမာကုႏွင့္ အဖြဲ႕အပါအ၀င္ တပ္နယ္မွ တပ္မေတာ္သား စစ္သည္တုိ႔သည္ စက္တင္ဘာ (၂)ရက္ေန႕ နံနက္ပုိင္းတြင္ တံတားပ်က္စီးသည့္ ေနရာသုိ႕ သြားေရာက္ၿပီး ယာဥ္သြားလာမွဳမ်ား ျပတ္ေတာက္မွဳ မရွိေစရန္ ယာယီ တံတားျပဳလုပ္ေရးႏွင့္ တံတားျပင္ဆင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ေပးေနလ်က္ရွိေၾကာင္း သိရသည္။

(ဓာတ္ပံု - က်ိဳင္းလပ္ေထြ/အုပ္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ မိုင်းပါလျိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာ နှင့် ဝမ်ပုံကျေးရွာအကြားရှိ တာလေ - ပါလျိုး- ကျိုင်းလပ် သွားလမ်းမှ မိုင်တိုင် အမှတ် ၃၁/၅၀၀ ရှိ ဝမ်ပုံရွာ တံတားမှာ နမ့်ဟချောင်းရေ တိုက်စားသဖြင့် စက်တင်ဘာလ (၂)ရက်နေ့က မျောပါသွားကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်တံတားမှာ စက်တင်ဘာလ(၂)ရက်နေ့အကူး နံနက် နံနက် (၂)နာရီခွဲဝန်းကျင်က မျောပါသွားခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်အင်ဂျင်နီယာ ဦးမာကုနှင့် အဖွဲ့အပါအဝင် တပ်နယ်မှ တပ်မတော်သား စစ်သည်တို့သည် စက်တင်ဘာ (၂)ရက်နေ့ နံနက်ပိုင်းတွင် တံတားပျက်စီးသည့် နေရာသို့ သွားရောက်ပြီး ယာဉ်သွားလာမှုများ ပြတ်တောက်မှု မရှိစေရန် ယာယီ တံတားပြုလုပ်ရေးနှင့် တံတားပြင်ဆင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

(ဓာတ်ပုံ - ကျိုင်းလပ်ထွေ/အုပ်) 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~