ေမြးျမဴေရးဆိုင္ရာ သန္းေခါင္စာရင္းေကာက္ယူမႈကို မႏၱေလးတိုင္းေဒသႀကီးအတြင္း (၄)ၿမိဳ႕နယ္ႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္း စတင္ ေကာက္ယူေနေၾကာင္း မေကြးတိုင္းေဒသႀကီး ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန မွ သိရသည္။
ျပည္သူမ်ား အသားစားသံုးမႈ ၊ ဥစားသံုးမႈ ၊ ႏို႕ေသာက္သံုးမႈ ၊ တိရစၦာန္ ႏွင္႔ တိရစၦာန္ထြက္ပစၥည္းအသံုးျပဳမွဳ မ်ားကုိ တိုင္းေဒသႀကီးအတြင္း ဂ်ီဒီပီ အေျခအေနမွန္အား တိတိက်က် တြက္ခ်က္ႏိုင္ရန္ အတြက္ ေမြးျမဴသူဦးေရ၊ တိရစၦာန္အမ်ိဳးအစားအလိုက္ ေမြးျမဴထားေသာ တိရစၦာန္သန္းေခါင္စာရင္းကို ေကာက္ယူရန္ စီစဥ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
“ေ႐ွ႕ေျပးသန္းေခါင္စာရင္း လုပ္ငန္းေတြကို မႏၱေလးတိုင္းေဒသႀကီးအတြင္း႐ွိ ၿမိဳ႕နယ္(၄)ၿမိဳ႕နယ္ နဲ႔ မေကြးတိုင္း ေဒသႀကီးအတြင္း႐ွိ ၿမိဳ႕နယ္(၂)ၿမိဳ႕နယ္တို႔မွာ Lift Fund အဖြဲ႕အစည္းရဲ႕အကူအညီနဲ႔ လုပ္ေဆာင္ေနပါၿပီ”ဟု ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ၊ ယာယီတိုင္းေဒသႀကီးဦးစီးမွဴး ေဒါက္တာ၀င္းျမင္႔ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ လုပ္ေဆာင္ခ်က္အတြက္ ျပည္ေထာင္စုဘတ္ဂ်က္မွလည္း ခြင္႔ျပဳထားၿပီး ေဖေဖာ္၀ါရီလႏွင္႔ မတ္လအတြင္း ပခုကၠဴၿမိဳ႕ ႏွင္႔ ေရစႀကိဳၿမိဳ႕မ်ားတြင္ နမူနာ စစ္တမ္းေကာက္ယူျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ပြည်သူများ အသားစားသုံးမှု၊ ဥစားသုံးမှု၊ နို့သောက်သုံးမှု၊ တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းအသုံးပြုမှု များကို တိုင်းဒေသကြီးအတွင်း ဂျီဒီပီ အခြေအနေမှန်အား တိတိကျကျ တွက်ချက်နိုင်ရန် အတွက် မွေးမြူသူဦးရေ၊ တိရစ္ဆာန်အမျိုးအစားအလိုက် မွေးမြူထားသော တိရစ္ဆာန်သန်းခေါင်စာရင်းကို ကောက်ယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ရှေ့ပြေးသန်းခေါင်စာရင်း လုပ်ငန်းတွေကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ် နဲ့ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂)မြို့နယ်တို့မှာ Lift Fund အဖွဲ့အစည်းရဲ့အကူအညီနဲ့ လုပ်ဆောင်နေပါပြီ”ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ယာယီတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းမြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လုပ်ဆောင်ချက်အတွက် ပြည်ထောင်စုဘတ်ဂျက်မှလည်း ခွင့်ပြုထားပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ပခုက္ကူမြို့ နှင့် ရေစကြိုမြို့များတွင် နမူနာ စစ်တမ်းကောက်ယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
တိရစာ္ဆန်သန်းခေါင်စာရင်းများ ကောက်ယူရာတွင် မြင်း၊ နွား၊ ကျွဲ၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်တို့အပြင် ဆင် နှင့် နွားနောက် စာရင်းကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မွေးမြူရေး တိရစာ္ဆန်သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၉၃ - ၁၉၉၄ ဘဏ္ဍာနှစ်က တစ်အိမ်ချင်း ကောက်ယူခဲ့မှုမှာ နောက်ဆုံးဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်