ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခရိုင္၊ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပသည့္ (၇၁) ႀကိမ္ေျမာက္ ျမန္မာနိုင္ငံ မီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း )မီးသတ္တပ္ဖြဲ႕မွ (၃၀)ဦးပါဝင္ျပသေၾကာင္း သိရသည္။
“မီးသတ္လုပ္ငန္းဆိုတာ ျပည္သူေတြရဲ႕ေဘးဒုကၡအႏၱရာယ္ေတြကို ျပည္သူလူထုနဲ႕ တစ္သားတည္းရွိေနၿပီး ရင္ဆိုင္ေျဖရွင္းရတဲ့လုပ္ငန္းတစ္ခု ျဖစ္ပါတယ္။ နိုင္ငံတစ္နိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေနမႈေတြကို ကာလၾကာရွည္ ထိန္းသိမ္းနိုင္ၾကဖို႔ စီမံေဆာင္ရြက္ၾကရာမွာ မီးေဘးအႏၱရာယ္ေတြကို လြတ္ကင္းေစဖို႔ အထူးဂရုျပဳေဆာင္ရြက္ ၾကတဲ့အဖြဲ႕တစ္ခုျဖစ္ပါတယ္”ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အခမ္းအနားတြင္ ေျပာၾကားသည္။
အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ အစိုးရအဖြဲ႕၀င္မ်ား၊ ဌာနဆိုင္ရာမ်ား ႏွင့္ မီးသတ္တပ္ဖြဲ႕မွအင္အား (၇၀၀)တို႔လည္း တက္ေရာက္ၾကေၾကာင္း သိရသည္။
“ရွမ္း/ေတာင္မွာရွိတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြ အကုန္လံုးပါ ပါတယ္။ (၇၁) ႀကိမ္ေျမာက္ မီးသတ္တပ္ဖြဲ႕ေန႕လည္း ျဖစ္တဲ့အတြက္ေၾကာင့္ အကုန္လံုးလာစံုၾကတယ္။ သရုပ္ျပပြဲမွာလည္း အသက္ကယ္နည္း၊ မီးၿငိႇမ္းသတ္နည္းေတြ လည္းလုပ္ၾကတယ္။ သူတို႕ရဲ႕ ႀကိဳးစားမႈေတြကလည္း အရမ္းကို အားရေက်နပ္မိပါတယ္”ဟု အရန္မီးသတ္တပ္ဖြဲ႕မွ ဒု တပ္ရင္းမွဴး ဦးတင့္ေဆြက ေျပာသည္။
ရွမ္းျပည္နယ္အတြင္းရွိ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွ ဒီဇင္ဘာလအထိ နိုင္ငံအတြင္း သဘာ၀ေဘးအႏၱရာယ္ ျဖစ္ပြားမႈႏွင့္ မေတာ္တဆထိခိုက္မႈ (၁၅၇၆) ႀကိမ္ျဖစ္ပြားခဲ့သည့္အနက္ ရွမ္းျပည္နယ္တစ္ခုလံုးတြင္ အႀကိမ္ေပါင္း (၇၅) ျဖစ္ပြားခဲ႔ျပီး အိမ္ေျခ (၃၄၇၆)လံုး၊ ေသဆံုးသူ (၄၆)ဦး၊ ဒဏ္ရာရသူ(၉၇)ဦး၊ မီးေဘးသင့္ျပည္သူေပါင္း (၉၁၆) ဦး ရွိေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ႏိုႏို
“မီးသတ်လုပ်ငန်းဆိုတာ ပြည်သူတွေရဲ့ဘေးဒုက္ခအန္တရာယ်တွေကို ပြည်သူလူထုနဲ့ တစ်သားတည်းရှိနပြေီး ရင်ဆိုင်ဖြေရှင်းရတဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်နေမှုတွေကို ကာလကြာရှည် ထိန်းသိမ်းနိုင်ကြဖို့ စီမံဆောင်ရွက်ကြရာမှာ မီးဘေးအန္တရာယ်တွေကို လွတ်ကင်းစေဖို့ အထူးဂရုပြုဆောင်ရွက် ကြတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် မီးသတ်တပ်ဖွဲ့မှအင်အား (၇၀၀)တို့လည်း တက်ရောက်ကြကြောင်း သိရသည်။
“ရှမ်း/တောင်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အကုန်လုံးပါ ပါတယ်။ (၇၁) ကြိမ်မြောက် မီးသတ်တပ်ဖွဲ့နေ့လည်း ဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးလာစုံကြတယ်။ သရုပ်ပြပွဲမှာလည်း အသက်ကယ်နည်း၊ မီးငြှိမ်းသတ်နည်းတွေ လည်းလုပ်ကြတယ်။ သူတို့ရဲ့ ကြိုးစားမှုတွေကလည်း အရမ်းကို အားရကျေနပ်မိပါတယ်”ဟု အရန်မီးသတ်တပ်ဖွဲ့မှ ဒု တပ်ရင်းမှူး ဦးတင့်ဆွေက ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် မတော်တဆထိခိုက်မှု (၁၅၇၆) ကြိမ်ဖြစ်ပွားခဲ့သည့်အနက် ရှမ်းပြည်နယ်တစ်ခုလုံးတွင် အကြိမ်ပေါင်း (၇၅) ဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၃၄၇၆)လုံး၊ သေဆုံးသူ (၄၆)ဦး၊ ဒဏ်ရာရသူ(၉၇)ဦး၊ မီးဘေးသင့်ပြည်သူပေါင်း (၉၁၆) ဦး ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို