ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕မေစ်းအနီးမွ ကုန္ေျခာက္သားငါးေစ်း ယာယီဆိုင္ခန္းမ်ားကို ဧၿပီလကုန္တြင္ Taunggyi City Square Shopping Center သို႔ ေနာက္ဆံုးအၿပီးေရႊ႕ေျပာင္းရမည္ဟု သတ္မွတ္ထားေသာ္လည္း စင္တာ အၿပီးမသတ္ေသးသျဖင့္ ေျပာင္းေရႊ႕ရက္ကို ထပ္တိုးေပးထားေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနထံမွ သိရသည္။
“မိန္း၀င္ေပါက္မွာက ပထမထပ္တက္ဖို႔အတြက္ မၿပီးေသးဘူး။ မၿပီးေသးဘူးဆိုေပမယ့္လည္း ေဘးေပါက္မွာရွိတဲ႕ အခန္းေတြကို အကုန္ဖြင့္ထားေပးၿပီး ေစ်းသည္ေတြလည္း ေျပာင္းေနၾကပါၿပီ။ ကၽြန္ေတာ္တို႔ဘက္ကလည္း အတတ္နိုင္ဆံုး အျမန္ေျပာင္းဖို႔ေတာ့ ေျပာထားပါတယ္။ တစ္ကယ္လက္ရွိေနရာကလည္း ေရာင္းေကာင္းေနတယ္ ဆိုေတာ့ အေျပာင္းအေရႊ႕မွာ နည္းနည္းေတာ့ ေစာင့္ရမွာေပါ့ေလ။ ၀ုန္းဒိုင္းႀကီးသိမ္းပစ္ဖို႔ကလည္း ေစ်းသည္ေတြအတြက္ ဒုကၡေရာက္တယ္။ အၿပီးဖ်က္သိမ္းဖို႔ကိုေတာ့ ေစာင့္ၾကည့္ေပးသြားမွာပါ။ မၾကာမီေတာ့ ဖ်က္သိမ္းေတာ့မွာပါ” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုထံမွ သိရသည္။
ယာယီဆိုင္ခန္း (၄၆၆) ခန္း ေရႊ႕ေျပာင္းရမည့္ Taunggyi City Square Shopping Center မွာ သတ္မွတ္ရက္တြင္ မၿပီးေသးသျဖင့္ ဆိုင္ခန္းအခ်ိဳ႕သာ ေရႊ႕ေျပာင္းရေသးေၾကာင္း သိရသည္။
“တခ်ဳိ႕ဆိုင္ခန္းေတြလည္း ေျပာင္းေနပါတယ္။ တျဖည္းျဖည္း ေျပာင္းရတာပဲ။ ယာယီဆိုင္ခန္းမွာကလည္း ေရာင္းေနတာၾကာၿပီဆိုေတာ့ ေဖာက္သည္ေတြကို ေစာင့္ၿပီး ေျပာင္းမယ့္ေနရာကို တျဖည္းျဖည္း လုပ္ရတယ္။ ဧၿပီလကုန္အၿပီးေျပာင္းဖို႕က အခါတြင္းဆိုေတာ့ မၿပီးတာပါ။ လာ၀ယ္ေနၾက ေဖာက္သည္ေတြကိုေတာ့ ေျပာျပထားရပါတယ္။ ေရာင္းအားကေတာ့ ဟိုဘက္ေျပာင္းသြားရင္ လာ၀ယ္ေနၾကသူေတြကလည္း သိၾကမွာပါ။ အခက္အခဲေတာ့ မရွိပါဘူး” ဟု ယာယီေစ်းမွ ကုန္ေျခာက္ေရာင္းခ်သူတစ္ဦးက ေျပာသည္။
ယာယီဆိုင္ခန္း (၄၆၆) ခန္းသည္ ၿမိဳ႕မေစ်းအေရွ႕ဘက္ ( ၁.၄၁) ဧကတြင္ ၁၉၆၈ ခုႏွစ္ကတည္းက စတင္တည္ရိွခဲ့ၿပီး ၁၉၉၃ ခုႏွစ္တြင္ ၿမိဳ႕မေစ်းေျမာက္ဘက္သို႔ ေရႊ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
ဓာတ္ပံု - စည္ပင္
“မိန်းဝင်ပေါက်မှာက ပထမထပ်တက်ဖို့အတွက် မပြီးသေးဘူး။ မပြီးသေးဘူးဆိုပေမယ့်လည်း ဘေးပေါက်မှာရှိတဲ့ အခန်းတွေကို အကုန်ဖွင့်ထားပေးပြီး ဈေးသည်တွေလည်း ပြောင်းနကြေပါပြီ။ ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး အမြန်ပြောင်းဖို့တော့ ပြောထားပါတယ်။ တစ်ကယ်လက်ရှိနေရာကလည်း ရောင်းကောင်းနေတယ် ဆိုတော့ အပြောင်းအရွှေ့မှာ နည်းနည်းတော့ စောင့်ရမှာပေါ့လေ။ ဝုန်းဒိုင်းကြီးသိမ်းပစ်ဖို့ကလည်း ဈေးသည်တွေအတွက် ဒုက္ခရောက်တယ်။ အပြီးဖျက်သိမ်းဖို့ကိုတော့ စောင့်ကြည့်ပေးသွားမှာပါ။ မကြာမီတော့ ဖျက်သိမ်းတော့မှာပါ” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုထံမှ သိရသည်။
ယာယီဆိုင်ခန်း (၄၆၆) ခန်း ရွှေ့ပြောင်းရမည့် Taunggyi City Square Shopping Center မှာ သတ်မှတ်ရက်တွင် မပြီးသေးသဖြင့် ဆိုင်ခန်းအချို့သာ ရွှေ့ပြောင်းရသေးကြောင်း သိရသည်။
“တချို့ဆိုင်ခန်းတွေလည်း ပြောင်းနေပါတယ်။ တဖြည်းဖြည်း ပြောင်းရတာပဲ။ ယာယီဆိုင်ခန်းမှာကလည်း ရောင်းနေတာကြာပြီဆိုတော့ ဖောက်သည်တွေကို စောင့်ပြီး ပြောင်းမယ့်နေရာကို တဖြည်းဖြည်း လုပ်ရတယ်။ ဧပြီလကုန်အပြီးပြောင်းဖို့က အခါတွင်းဆိုတော့ မပြီးတာပါ။ လာဝယ်နကြေ ဖောက်သည်တွေကိုတော့ ပြောပြထားရပါတယ်။ ရောင်းအားကတော့ ဟိုဘက်ပြောင်းသွားရင် လာဝယ်နကြေသူတွေကလည်း သိကြမှာပါ။ အခက်အခဲတော့ မရှိပါဘူး” ဟု ယာယီဈေးမှ ကုန်ခြောက်ရောင်းချသူတစ်ဦးက ပြောသည်။
ယာယီဆိုင်ခန်း (၄၆၆) ခန်းသည် မြို့မဈေးအရှေ့ဘက် ( ၁.၄၁) ဧကတွင် ၁၉၆၈ ခုနှစ်ကတည်းက စတင်တည်ရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် မြို့မဈေးမြောက်ဘက်သို့ ရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို