ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္းရွိ တကၠသိုလ္မ်ားႏွင့္ က်န္းမာေရးဌာနတို႔ အတြက္ ဦးစားေပး ေျဖရွင္းေပးရမည့္ လိုအပ္ခ်က္မ်ားအား ေမလ (၂၇)ရက္ေန႔တြင္ သက္ဆိုင္ရာ တာဝန္ရိွသူမ်ားက ျပည္နယ္၀န္ႀကီးခ်ဳပ္၏ က်ဳိင္းတံုခရီးစဥ္၌ တင္ျပေတာင္းဆိုလိုက္ေၾကာင္း သိရသည္။
"ကၽြန္မတို ့ေက်ာင္းမွာ အဓိကလိုအပ္ေနတဲ့ ပထမဦးစားေပးအခ်က္ (၆)ခ်က္ထဲက တစ္ခ်က္ကေတာ့ ေက်ာင္းမွာ သုေတသနဌာန(Research Center )ျဖစ္ပါတယ္။ ကၽြန္မတို႔တကၠသိုလ္မွာ စာသင္ခန္း ေတြေတာင္ လုံေလာက္မႈ မရိွတဲ့အတြက္ သိပၸံခန္းေတြအတြက္ ဓာတ္ခြဲခန္းပစၥည္းေတြကို ၀ယ္ယူခဲ့ေပမယ့္ ထားစရာေနရာ မရိွတဲ့အတြက္ ဒီပစၥည္းေတြကို မေဖာက္ဘဲ ဒီအတိုင္း ဌာနေတြမွာ ရိွေနပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္ ဘတ္ဂ်က္ကို အသုံးျပဳၿပီးေတာ့ ဒီပစၥည္းေတြကို ဝယ္ယူခဲ့ေပမယ့္ အသုံးမျပဳရတဲ့အတြက္ ႏိုင္ငံေတာ္အတြက္ နစ္နာသလို ေက်ာင္းအတြက္လည္း နစ္နာပါတယ္"ဟု က်ိဳင္းတုံတကၠသိုလ္မွ ပါေမာကၡခ်ဳပ္ ေဒါက္တာစမ္းစမ္းမာက ဝန္ႀကီးခ်ဳပ္အား တင္ျပသည္။
အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္းအရ က်ိဳင္းတုံတကၠသို္လ္၊ ကြန္ပ်ဴတာတကၠသို္လ္၊ နည္းပညာ တကၠသို္လ္ႏွင့္ ပညာေရးေကာလိပ္မ်ားတြင္ လို္အပ္ခ်က္မ်ားကို ပညာေရး၀န္ႀကီးဌာန အဆင့္ျမင့္ပညာ ဦးစီးဌာနထံ တင္ျပထားၿပီး ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၏ ေမလ (၂၇)ရက္ေန႔က က်ိဳင္းတံုၿမိဳ႕တြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ ့၀င္ ၀န္ၾကီးမ်ားႏွင့္ ျပည္နယ္၊ခရိုင္၊ျမိဳ ့နယ္ ဌာနဆိုင္ရာမ်ား ေတြ ့ဆုံပြဲတြင္ က႑အလိုက္ လိုအပ္ခ်က္မ်ားကို သက္ဆိုင္ရာတာဝန္ရိွသူမ်ားက ထပ္မံတင္ျပ ေတာင္းဆိုထားျခင္း ျဖစ္ေၾကာင္း သိရသည္။
က်န္းမာေရးက႑ လိုအပ္ခ်က္မ်ားအေနျဖင့္ မိုင္းခတ္ၿမိဳ ့နယ္ ျပည္သူ ့ေဆးရုံ၌ ဆရာ၀န္(၁)ဦးသာရိွသည့္ အတြက္ လက္ေထာက္ဆရာ၀န္(၃)ဦး ျဖည့္စြက္ခန္ ့အပ္ေပးရန္၊ မိုင္းခတ္ၿမိဳ ့နယ္ နမ့္ခမ္း၊နမ့္မြဲ၊ ၀မ္ေကာင္း၊ ၀မ္ခုတ္ႏွင့္ အိုက္လန္းမိုင္ ေက်းရြာမ်ားတြင္ ေက်းလက္က်န္းမာေရးဌာနခြဲမ်ား ဖြင့္လွစ္ေပးရန္၊ ၿမိဳ ့နယ္ျပည္သူ႔ေဆးရုံတြင္ (၂)ခန္းတြဲ ဆရာ၀န္ေနအိမ္ (၁)လုံး တည္ေဆာက္ေပးရန္ႏွင့္ ျမိဳ ့နယ္က်န္းမာေရး ဦးစီးဌာန အတြက္ အစည္းအေ၀းခန္းမ တည္ေဆာက္ေပးႏိုင္ရန္တို ့ကို မိုင္းခတ္ၿမိဳ ့နယ္ အုပ္ခ်ဳပ္ေရးမွဴးက တင္ျပေတာင္းဆုိခဲ့ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို ့ ျပည္နယ္ ဘတ္ဂ်က္အေနနဲ ့ ပညာေရးနဲ ့ က်န္းမာေရးအတြက္ ေပးႏိုင္စြမ္းမရိွဘူးဗ်။ ျပည္ေထာင္စု ဘတ္ဂ်က္ကိုသာ အားကိုးရမွာျဖစ္ပါတယ္။ ျပည္ေထာင္စု ဘတ္ဂ်က္ကလည္း ကၽြန္ေတာ္တို႔က ပညာေရး၀န္ႀကီးနဲ ့ ကၽြန္ေတာ္ဆုံျဖစ္တိုင္း ကၽြန္ေတာ္တို ့ ျပည္နယ္အတြက္ ဘယ္ေနရာမွာ ဘယ္လို လိုအပ္ေနတဲ့အတြက္ ဘတ္ဂ်က္ထဲ ထည့္ေပးပါဆုိၿပီး ေတြ ့တိုင္း ေတာင္းဆုိပါတယ္။ ပညာေရး ၀န္ႀကီးကလည္း သူတတ္ႏိုင္သေလာက္ ျဖည့္ဆည္းေပးပါတယ္။ ကၽြန္ေတာ္တို ့ ဒီမွာ တကၠသို္လ္ေတြကို ၾကည့္တဲ့အခါမွာ တကၠသိုလ္မ်ားက ဆရာႀကီး၊ ဆရာမႀကီးတို ့ တင္ျပတာေတြကို ကၽြန္ေတာ္ သေဘာေပါက္ပါတယ္။ ဒီအခက္အခဲေတြကို ႏိုင္ငံေတာ္က ျပည့္ျပည့္စုံစုံ ျဖည့္ဆည္းေပးရမွာ ျဖစ္ေပမယ့္ ကၽြန္ေတာ္တို ့ အေနနဲ ့ မစြမ္းႏိုင္ေသးတဲ့အတြက္ ေတာင္းပန္ပါတယ္"ဟု ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျပန္လည္ေျဖၾကားခဲ့သည္။
အဆိုပါ ေတြ ့ဆုံပြဲတြင္ က်ိဳင္းတုံၿမိဳ႕အတြက္ နမ့္ခင္းေခ်ာင္းရိွ က်ိဳင္းေဖာင္း ေရလႊဲဆည္ တည္ေဆာက္ေပးရန္ႏွင့္ သန္ ့ရွင္းေသာေရ ရရိွရန္အတြက္ (၁၁)မိုင္ ေရတံခြန္မွ (၈)မိုင္ ေရစုကန္သို ့ ေရပိုက္သြယ္တန္း ေပးရန္၊ မိုင္းယန္းၿမိဳ ့အတြက္ ၿမိဳ ့ေရွာင္လမ္းေဖာက္လုပ္ေပးရန္ႏွင့္ မိုင္းပ်ဥ္းၿမိဳ ့အတြက္ ပိန္းဆန္းရပ္ကြက္ၿမိဳ ့တြင္းလမ္း ေက်ာက္ခင္းေပးရန္၊ အလယ္ပိုင္းရပ္ကြက္ စြန္ေတာင္းတံတား သံကူကြန္ကရစ္ တံတား တည္ေဆာက္ေပးရန္ႏွင့္ တုံတာၿမိဳ ့သို ့ ေရေပးေ၀ေရးလုပ္ငန္း ေဆာင္ရြက္ေပးရန္တို ့ကို သက္ဆိုင္ရာ ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးမ်ားမွ တင္ျပေတာင္းဆိုခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ေတြ ့ဆုံပြဲသို ့ ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ ့၀င္မ်ား ျဖစ္ၾကသည့္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီး စိုးမိုးေအာင္၊ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံစိုင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီး ဦးစုိုင္းလုံေက်ာက္၊ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ အာခါတိုင္းရင္းသားေရးရာဝန္ႀကီး ဦးအာေဗလႏွင့္ ရွမ္းျပည္နယ္ ဥပေဒခ်ဳပ္ ဦးတင္ဦး၊ ရွမ္းျပည္နယ္ မီးသတ္ဦးစီးမွဴး ရဲသူရိန္တင္မင္း၊ ျပည္နယ္ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္၊ ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ ့မွဴး ရဲမွဴးႀကီး သက္လြင္၊ က်ိဳင္းတုံခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးႏွင့္ ျပည္နယ္အဆင့္၊ ခရိုင္အဆင့္၊ ၿမိဳ ့နယ္အဆင့္ ဌာနဆိုင္ရာ တာ၀န္ရိွသူမ်ား စုစုေပါင္း(၁၀၈)ဦး တက္ေရာက္ခဲ့ၾကသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ တက္ကသိုလ်များနှင့် ကျန်းမာရေးဌာနတို့အတွက် ဦးစားပေး ဖြေရှင်းပေးရမည့် လိုအပ်ချက်များအား မေလ (၂၇)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်၏ ကျိုင်းတုံခရီးစဉ်၌ တင်ပြတောင်းဆိုလိုက်ကြောင်း သိရသည်။
"ကျွန်မတို့ကျောင်းမှာ အဓိကလိုအပ်နေတဲ့ ပထမဦးစားပေးအချက် (၆)ချက်ထဲက တစ်ချက်ကတော့ ကျောင်းမှာ သုတေသနဌာန(Research Center )ဖြစ်ပါတယ်။ ကျွန်မတို့တက္ကသိုလ်မှာ စာသင်ခန်း တွေတောင် လုံလောက်မှု မရှိတဲ့အတွက် သိပ္ပံခန်းတွေအတွက် ဓာတ်ခွဲခန်းပစ္စည်းတွေကို ဝယ်ယူခဲ့ပေမယ့် ထားစရာနေရာ မရှိတဲ့အတွက် ဒီပစ္စည်းတွေကို မဖောက်ဘဲ ဒီအတိုင်း ဌာနတွေမှာ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတော် ဘတ်ဂျက်ကို အသုံးပြုပြီးတော့ ဒီပစ္စည်းတွေကို ဝယ်ယူခဲ့ပေမယ့် အသုံးမပြုရတဲ့အတွက် နိုင်ငံတော်အတွက် နစ်နာသလို ကျောင်းအတွက်လည်း နစ်နာပါတယ်"ဟု ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ဝန်ကြီးချုပ်အား တင်ပြသည်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ ကျိုင်းတုံတက္ကသို်လ်၊ ကွန်ပျူတာတက္ကသို်လ်၊ နည်းပညာ တက္ကသို်လ်နှင့် ပညာရေးကောလိပ်များတွင် လို်အပ်ချက်များကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနထံ တင်ပြထားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မေလ (၂၇)ရက်နေ့က ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် ကဏ္ဍအလိုက် လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ထပ်မံတင်ပြ တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးကဏ္ဍ လိုအပ်ချက်များအနဖြေင့် မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆရာဝန်(၁)ဦးသာရှိသည့် အတွက် လက်ထောက်ဆရာဝန်(၃)ဦး ဖြည့်စွက်ခန့်အပ်ပေးရန်၊ မိုင်းခတ်မြို့နယ် နမ့်ခမ်း၊နမ့်မွဲ၊ ဝမ်ကောင်း၊ ဝမ်ခုတ်နှင့် အိုက်လန်းမိုင် ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် (၂)ခန်းတွဲ ဆရာဝန်နေအိမ် (၁)လုံး တည်ဆောက်ပေးရန်နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန အတွက် အစည်းအေဝးခန်းမ တည်ဆောက်ပေးနိုင်ရန်တို့ကို မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေးမှူးက တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ပြည်နယ် ဘတ်ဂျက်အနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပေးနိုင်စွမ်းမရှိဘူးဗျ။ ပြည်ထောင်စု ဘတ်ဂျက်ကိုသာ အားကိုးရမှာဖြစ်ပါတယ်။ ပြည်ထောင်စု ဘတ်ဂျက်ကလည်း ကျွန်တော်တို့က ပညာရေးဝန်ကြီးနဲ့ ကျွန်တော်ဆုံဖြစ်တိုင်း ကျွန်တော်တို့ ပြည်နယ်အတွက် ဘယ်နေရာမှာ ဘယ်လို လိုအပ်နေတဲ့အတွက် ဘတ်ဂျက်ထဲ ထည့်ပေးပါဆိုပြီး တွေ့တိုင်း တောင်းဆိုပါတယ်။ ပညာရေး ဝန်ကြီးကလည်း သူတတ်နိုင်သလောက် ဖြည့်ဆည်းပေးပါတယ်။ ကျွန်တော်တို့ ဒီမှာ တက္ကသို်လ်တွေကို ကြည့်တဲ့အခါမှာ တက္ကသိုလ်များက ဆရာကြီး၊ ဆရာမကြီးတို့ တင်ပြတာတွေကို ကျွန်တော် သဘောပေါက်ပါတယ်။ ဒီအခက်အခဲတွေကို နိုင်ငံတော်က ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ အနေနဲ့ မစွမ်းနိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်"ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြန်လည်ဖြကြေားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကျိုင်းတုံမြို့အတွက် နမ့်ခင်းချောင်းရှိ ကျိုင်းဖောင်း ရေလွှဲဆည် တည်ဆောက်ပေးရန်နှင့် သန့်ရှင်းသောရေ ရရှိရန်အတွက် (၁၁)မိုင် ရေတံခွန်မှ (၈)မိုင် ရေစုကန်သို့ ရေပိုက်သွယ်တန်း ပေးရန်၊ မိုင်းယန်းမြို့အတွက် မြို့ရှောင်လမ်းဖောက်လုပ်ပေးရန်နှင့် မိုင်းပျဉ်းမြို့အတွက် ပိန်းဆန်းရပ်ကွက်မြို့တွင်းလမ်း ကျောက်ခင်းပေးရန်၊ အလယ်ပိုင်းရပ်ကွက် စွန်တောင်းတံတား သံကူကွန်ကရစ် တံတား တည်ဆောက်ပေးရန်နှင့် တုံတာမြို့သို့ ရေပေးေဝရေးလုပ်ငန်း ဆောင်ရွက်ပေးရန်တို့ကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျောက်၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလနှင့် ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦး၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူး ရဲသူရိန်တင်မင်း၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း(၁၀၈)ဦး တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်