ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပန်ကွဲတောင်အဆင်း ပန်လော့ရွာအထက် ဘုန်းကြီးကျောင်းရှေ့ တွင် ယနေ့  မေလ (၃)ရက်နေ့  ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က မော်တော်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ရာ ယာဉ်မောင်းသေဆုံးသွားကြောင်း ကနဦး သိရသည်။
သတင်း - ဇွဲမြတ်
Photo: Muay Sai
"ကားပေါ်မှာ (၃)ယောက်ပါတာ ကားမောင်းတဲ့ လူကတော့ သေသွားပြီ။ တစ်ယောက်ကတော့ ဆေးရုံတင်ထားရတယ်။ စပယ်ယာလေးကတော့ ဘာမှမဖြစ်ပါဘူး။"ဟု အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ယာဉ်သည် ပန်ကွဲတောင် အဆင်းတွင် ကားဘရိတ်ပေါက်သွားရာမှာ အရှိန်မထိန်းနိုင်တော့ဘဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း မြင်တွေ့ခဲ့ရသူ ခရီးသွားတစ်ဦးထံမှ သိရသည်။
သတင်း - ဇွဲမြတ်
Photo: Muay Sai