ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕တြင္ ေမလ (၅) ရက္ေန႔ နံနက္ပိုင္းက က်င္းပသည့္ (၇၁)ႀကိမ္ေျမာက္ မီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ ဂက္(စ္)ပိုက္လိုင္း မီးေလာင္မႈႏွင့္ လူေနအိမ္ မီးေလာင္မႈအား မီးသတ္စက္အေသး၊ မီးသတ္စက္ႀကီးတို႔ျဖင့္ ၿငိႇမ္းသတ္ျခင္းကို လက္ေတြ႔ သရုပ္ျပသေၾကာင္း သိရသည္။
ၿမိဳ႕နယ္အတြင္း မီးေဘးလုံၿခံဳေရးႏွင့္ သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရးလုပ္ငန္းမ်ားတြင္ ကူညီ ေဆာင္ရြက္ေပးသည့္ ေစတနာရွင္မ်ား၊ အရန္မီးသတ္တပ္ဖဲြ႔၀င္မ်ား၊ စစ္ေရးျပၿပိဳင္ပဲြတြင္ ဆုရရိွသူမ်ား၊ မီးသတ္စက္ကေလးႏွင့္ မီးသတ္စက္ႀကီးျဖင့္ မီးၿငိွမ္းသတ္သည့္ ေလ့က်င့္ခန္းတြင္ ဆုရရိွသူတို႔အား အဆိုပါ အခမ္းအနားတြင္ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳလက္ေဆာင္မ်ားေပးအပ္ခ်ီးျမႇင့္ၾကေၾကာင္း သိရသည္။
မီးသတ္တပ္ဖဲြ႔၀င္မ်ားက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳသည့္ ႀကိဳးခ်ည္နည္းမ်ား၊ မီးခိုးလုံးမ်ားအတြင္း လူနာအား ရွာေဖြကယ္ဆယ္ျခင္း၊ စက္သုံးဆီသိုေလွာင္ကန္မီးေလာင္မႈႏွင့္ လူေနအိမ္မီးေလာင္မႈတို႔အား လက္ေတြ႔ မီးၿငိႇမ္းသတ္သ႐ုပ္ျပသခဲ့ၿပီး မီးသတ္ယာဥ္ျဖင့္ မီးသတ္ စြမ္းေဆာင္ရည္တို႔ကို သ႐ုပ္ျပသခဲ့ၾကေၾကာင္း သိရသည္။
ခ႐ိုင္မီးသတ္တပ္ဖဲြ႔အတြက္ ရန္ပံုေငြအျဖစ္ နယ္ေျမခံတပ္နယ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ သူရလွမင္းက ေငြက်ပ္ ႏွစ္သိန္း ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးက ေငြက်ပ္ တစ္သိန္း၊ ခ႐ိုင္ရဲတပ္ဖဲြ႔မွဴးက ေငြက်ပ္ တစ္သိန္း၊ ၿမိဳ႕နယ္အက်ဥ္းဦးစီးဌာနက ေငြက်ပ္ ငါးေသာင္း၊ ၿမိဳ႕နယ္သတင္းတပ္ဖဲြ႔က ေငြက်ပ္ ငါးေသာင္းႏွင့္ ကေမၻာဇဘဏ္ခဲြ(မိုင္းဆတ္)က ေငြက်ပ္ သုံးေသာင္း ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး
မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးသည့် စေတနာရှင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်ရေးပြပြိုင်ပွဲတွင် ဆုရရှိသူများ၊ မီးသတ်စက်ကလေးနှင့် မီးသတ်စက်ကြီးဖြင့် မီးငြှိမ်းသတ်သည့် လေ့ကျင့်ခန်းတွင် ဆုရရှိသူတို့အား အဆိုပါ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကြိုးချည်နည်းများ၊ မီးခိုးလုံးများအတွင်း လူနာအား ရှာဖွေကယ်ဆယ်ခြင်း၊ စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုနှင့် လူနေအိမ်မီးလောင်မှုတို့အား လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသခဲ့ပြီး မီးသတ်ယာဉ်ဖြင့် မီးသတ် စွမ်းဆောင်ရည်တို့ကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ခရိုင်မီးသတ်တပ်ဖွဲ့အတွက် ရန်ပုံငွေအဖြစ် နယ်မြေခံတပ်နယ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရလှမင်းက ငွေကျပ် နှစ်သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူးက ငွေကျပ် တစ်သိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးက ငွေကျပ် တစ်သိန်း၊ မြို့နယ်အကျဉ်းဦးစီးဌာနက ငွေကျပ် ငါးသောင်း၊ မြို့နယ်သတင်းတပ်ဖွဲ့က ငွေကျပ် ငါးသောင်းနှင့် ကမ္ဘောဇဘဏ်ခွဲ(မိုင်းဆတ်)က ငွေကျပ် သုံးသောင်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး