ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ဟိုနားေက်းရြာအနီးတြင္ ေမလ (၅) ရက္ေန႔ ညေန(၃)နာရီေက်ာ္က က်ိဳင္းတံုဘက္မွ မိုင္းျဖတ္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ လမ္းေဘးတြင္ ရပ္ေနသည့္ အမ်ိဳးသမီးတစ္ဦးအား ပြတ္တိုက္မိၿပီး တိမ္းေရွာင္သြားရာ ယာဥ္ေမာင္းအား အခ်ိန္ပိုင္းအတြင္း ဖမ္းဆီးရမိေၾကာင္း သိရသည္။
မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားသည္ ဟိုနားေက်းရြာအနီး ယာဥ္တိုက္မႈျဖစ္ေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ အခင္းျဖစ္ေနရာ၌ လမ္းဝဲဘက္ျခမ္းတြင္ ရပ္ထားေသာ ဆုိင္ကယ္အနီး ရပ္ေနသည့္ မဟယ္နာအား က်ိဳင္းတံုဘက္မွ လာသည့္ ေမာ္ေတာ္ယာဥ္က ပြတ္ဆြဲတိုက္မိသျဖင့္ ဒဏ္ရာမ်ား ရသြားေၾကာင္းႏွင့္ မဟယ္နာအား က်ဳိင္းတံုျပည္သူ႕ေဆးရံုတြင္ ပို႔ေဆာင္ထားေၾကာင္း ႏွင့္ ၎မွာ ဒဏ္ရာျဖင့္ သတိေမ့ေနလ်က္ရွိေၾကာင္း သိရသည္။
ယင္းေနာက္ တိုက္မိၿပီး ထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္အား ဆက္လက္ စံုစမ္းရွာေဖြရာ ညေန (၃)နာရီ (၃၀)မိနစ္ အခ်ိန္မွာပင္ တာေလတိုးဂိတ္ အနီးတြင္ VIGO အနက္ေရာင္ယာဥ္ႏွင့္အတူ ယာဥ္ေမာင္း စိုင္းလံုတစ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ဆက္လ္က၍ ယာဥ္ေမာင္း စိုင္းလံုတစ္အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ) ၁၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ကိုသာ
မိုင်းဖြတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် ဟိုနားကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာ၌ လမ်းဝဲဘက်ခြမ်းတွင် ရပ်ထားသော ဆိုင်ကယ်အနီး ရပ်နေသည့် မဟယ်နာအား ကျိုင်းတုံဘက်မှ လာသည့် မော်တော်ယာဉ်က ပွတ်ဆွဲတိုက်မိသဖြင့် ဒဏ်ရာများ ရသွားကြောင်းနှင့် မဟယ်နာအား ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်း နှင့်၎င်းမှာ ဒဏ်ရာဖြင့် သတိမေ့နေလျက်ရှိကြောင်း သိရသည်။
ယင်းနောက် တိုက်မိပြီး ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား ဆက်လက် စုံစမ်းရှာဖွေရာ ညနေ (၃)နာရီ (၃၀)မိနစ် အချိန်မှာပင် တာလေတိုးဂိတ် အနီးတွင် VIGO အနက်ရောင်ယာဉ်နှင့်အတူ ယာဉ်မောင်း စိုင်းလုံတစ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လ်က၍ ယာဉ်မောင်း စိုင်းလုံတစ်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ကိုသာ