ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျပည္သူပိုင္ပစၥည္းျဖစ္ေသာ လမ္းေဘးေျမာင္း သံဖုံးမ်ားကို ခိုးယူသူအား ရဲတပ္ဖြဲ႕မွ ေမလ (၂၃)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။
“မေန႔က လွည့္ကင္းလွည့္ေနတဲ့အခါမွာ သံေပပါထမ္းၿပီးသြားေနတာေတြ႕လို႔ စစ္လိုက္တဲ့အခါ သံေပပါကို ခိုးလာတာကို သိရတယ္။ ထပ္မံ စစ္ေဆးလိုက္တဲ့အခါမွာ လမ္းေဘးေျမာင္းေတြမွာ ဖုံးထားတဲ့ သံဖုံးေတြကိုလည္း ခိုးခဲ့တာကို ထပ္မံသိရတယ္။ အဲဒီ သံဖုံးကိုလည္း သြားေရာင္းတဲ့အခါ ကီလိုဆိုင္က လက္မခံေတာ့ လမ္းေဘး တစ္ေနရာမွာ ပစ္ခဲ့တယ္။ ၿမိဳ႕မစခန္းက သူ႔ကို အမႈႏွစ္မႈနဲ႔ အေရးယူ ေဆာင္ရြက္ထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ျပစ္မႈက်ဴးလြန္သူ အသက္(၃၈)ႏွစ္ရွိ က်ခူး(ခ)လာဟူးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ (ပ)၁၀၄/ ၂၀၁၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ /က်င့္ ၅၄ ႏွင့္ ျပည္သူပိုင္ပစၥည္းကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ ပုဒ္မ ၆၁ တို႔ျဖစ္ အေရးယူေဆာင္ရြက္ ထားေၾကာင္း သိရသည္။
ဓာတ္ပံု - ေဇာင္းညီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူပိုင်ပစ္စည်းဖြစ်သော လမ်းဘေးမြောင်း သံဖုံးများကို ခိုးယူသူအား ရဲတပ်ဖွဲ့မှ မေလ (၂၃)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
“မနေ့က လှည့်ကင်းလှည့်နေတဲ့အခါမှာ သံပေပါထမ်းပြီးသွားနေတာတွေ့လို့ စစ်လိုက်တဲ့အခါ သံပေပါကို ခိုးလာတာကို သိရတယ်။ ထပ်မံ စစ်ဆေးလိုက်တဲ့အခါမှာ လမ်းဘေးမြောင်းတွေမှာ ဖုံးထားတဲ့ သံဖုံးတွေကိုလည်း ခိုးခဲ့တာကို ထပ်မံသိရတယ်။ အဲဒီ သံဖုံးကိုလည်း သွားရောင်းတဲ့အခါ ကီလိုဆိုင်က လက်မခံတော့ လမ်းဘေး တစ်နေရာမှာ ပစ်ခဲ့တယ်။ မြို့မစခန်းက သူ့ကို အမှုနှစ်မှုနဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ အသက်(၃၈)နှစ်ရှိ ကျခူး(ခ)လာဟူးအား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၀၄/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ /ကျင့် ၅၄ နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆၁ တို့ဖြစ် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
သတင္း/ဓာတ်ပုံ - ဇောင်းညီ