တာခ်ီလိတ္သုသာန္တြင္ အမ်ဳိးအမည္မသိ အရြယ္အစားႀကီးမားသည့္ ဥႀကီး တစ္လံုး ေတြ႕ရွိ

တာခ်ီလိတ္သုသာန္တြင္ အမ်ဳိးအမည္မသိ အရြယ္အစားႀကီးမားသည့္ ဥႀကီး တစ္လံုး ေတြ႕ရွိ
မေ 8, 2017
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္ သန္႔ရွင္းေရး ျပဳလုပ္ေနသူ ကိုသက္ဆိုသူက သုသာန္ေရေျမာင္း ပိန္းပင္မ်ားၾကားတြင္ အရြယ္အစား ႀကီးမားၿပီး အမ်ဳိးအစား မသိရသည့္ ဥႀကီး တစ္လံုးအား ေမလ(၈)ရက္ေန႔ နံနက္ပိုင္းက ေတြ႕ရွိရေၾကာင္း သိရသည္။
“ဥကေတာ့ ေတာ္ေတာ္ႀကီးတယ္။ မေန႔က မိုးအရမ္းရြာၿပီး ေတာင္ေပၚက ပါလာၿပီးေတာ့ ဒီေန႕ သခ်ဳႋင္းနား သန္႕ရွင္းေရးလုပ္ၾကရင္း ဒီဥကိုေတြ႕တယ္။ ဥက ျမစ္ေတြ၊ ေခ်ာင္းေတြမွာ ငါးေတြလိုက္စားတဲ့ ငန္းေျမြဥ အမ်ိဳးအစားပဲ။”ဟု သုသာန္တြင္ မီးရႈိ႕အုတ္ခံုလွဴဒါန္း ေဆာက္လုပ္ေပးေနသည့္ ေမတၱာရွင္ သာေရး/နာေရး ကူညီမႈအသင္းမွ ဦးရန္ေအာင္က ေျပာသည္။
အဆိုပါ ဥ သည္ မည္သည့္ ဥျဖစ္ေၾကာင္း အတိအက် မသိႏိုင္ေသာ္လည္း အရြယ္အစားမွာ အျမင့္ (၁၆)စင္တီမီတာ၊ လံုးပတ္ (၄၀)စင္တီမီတာ ရွိေၾကာင္း သိရသည္။
ဓာတ္ပံု - စိုးေက်ာ္ေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မသုသာန်တွင် သန့်ရှင်းရေး ပြုလုပ်နေသူ ကိုသက်ဆိုသူက သုသာန်ရေမြောင်း ပိန်းပင်များကြားတွင် အရွယ်အစား ကြီးမားပြီး အမျိုးအစား မသိရသည့် ဥကြီး တစ်လုံးအား မေလ(၈)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရကြောင်း သိရသည်။

“ဥကတော့ တော်တော်ကြီးတယ်။ မနေ့က မိုးအရမ်းရွာပြီး တောင်ပေါ်က ပါလာပြီးတော့ ဒီနေ့ သင်္ချိုင်းနား သန့်ရှင်းရေးလုပ်ကြရင်း ဒီဥကိုတွေ့တယ်။ ဥက မြစ်တွေ၊ ချောင်းတွေမှာ ငါးတွေလိုက်စားတဲ့ ငန်းမြွေဥ အမျိုးအစားပဲ။”ဟု သုသာန်တွင် မီးရှို့အုတ်ခုံလှူဒါန်း ဆောက်လုပ်ပေးနေသည့် မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းမှ ဦးရန်အောင်က ပြောသည်။

အဆိုပါ ဥ သည် မည်သည့် ဥဖြစ်ကြောင်း အတိအကျ မသိနိုင်သော်လည်း အရွယ်အစားမှာ အမြင့် (၁၆)စင်တီမီတာ၊ လုံးပတ် (၄၀)စင်တီမီတာ ရှိကြောင်း သိရသည်။

ဓာတ်ပုံ - စိုးကျော်အောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~