တာခ်ီလိတ္တြင္ က်ပ္သိန္း(၃၈၀၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ က်ပ္သိန္း(၃၈၀၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
မေ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၊တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းလမ္းရွိ ေနအိမ္ တိုက္ခန္းငွားတြင္ က်ပ္သိန္းေပါင္း (၃၈၀၀)ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ားကို ေမလ(၁၀)ရက္ေန႔အကူး နံနက္(၁)နာရီ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္မွ သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔မွ မူးယစ္ေဆး၀ါးသတင္းအရ တာခ်ီလိတ္ၿမိဳ႕၊ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းလမ္းတြင္ ဥာဏ္လင္း(ခ)ဥာဏ္၀င္း(ခ)ကတံုး ငွားရမ္းေနထိုင္သည့္ ေနအိမ္တိုက္ခန္းငွားအား ၀င္ေရာက္စစ္ေဆးရာမွ ရွာေဖြ သိမ္းဆည္း ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တာ၀န္ရွိသူထံက သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔သည္ ၎၏ အခန္းအား ၀င္ေရာက္စစ္ေဆးရာတြင္ တိုက္ခန္းအ၀င္ တံခါးေပါက္ ယာဘက္ေဘးရွိ ပလတ္စတစ္ျခင္းအတြင္း ထည့္ထားၿပီး ကာလတန္ဖိုးေငြ က်ပ္(၂၁၂.၅)သိန္းခန္႔ တန္ဖိုးရွိသည့္ အိုက္စ္ အေလးခ်ိန္ (၈၅၀)ဂရမ္ခန္႔ ႏွင့္ အိပ္ခန္းေျခရင္းဘက္ရွိ သစ္သီးထည့္သည့္ အျဖဴေရာင္ ပလတ္စတစ္ျခင္းအတြင္းမွ ကာလတန္ဖိုးေငြ က်ပ္သိန္း(၃၂၄၀)ခန္႔ တန္ဖိုးရွိ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၂၁၆၀၀၀)ျပားတို႔အား ေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႔၏ စစ္ေဆးေပၚေပါက္ခ်က္အရ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္ေန ႏိုင္လင္း(ခ)ဆံရွည္၏ ေနအိမ္အား နံနက္(၁)နာရီခြဲ၀န္းက်င္အခ်ိန္က ၀င္ေရာက္ ရွာေဖြရာတြင္ ေနအိမ္၌ ၎အား အသင့္ေတြ႕ရွိရၿပီး ေနအိမ္အိပ္ခန္းေျခရင္းဘက္ရွိ ခရီးေဆာင္ အိတ္အတြင္းမွ ကာလတန္ဖိုးေငြ က်ပ္သိန္း(၃၆၅.၉၈၅)ခန္႔ တန္ဖိုးရွိသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပားမ်ားကို ထပ္မံ ေတြ႕ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

စုစုေပါင္းဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမ်ား၏ တန္ဖိုးမွာ က်ပ္သိန္း(၃၈၀၀)ေက်ာ္ရွိၿပီး မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၎တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၉/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က)/၂၁ အရ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ နေအိမ် တိုက်ခန်းငှါးတွင် ကျပ်သိန်းပေါင်း (၃၈၀၀)ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို မေလ(၁၀)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်မှ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းတွင် ဉါဏ်လင်း(ခ)ဉါဏ်ဝင်း(ခ)ကတုံး ငှါးရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းငှါးအား ဝင်ရောက်စစ်ဆေးရာမှ ရှာဖွေ သိမ်းဆည်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တာဝန်ရှိသူထံက သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည်၎င်း၏ အခန်းအား ဝင်ရောက်စစ်ဆေးရာတွင် တိုက်ခန်းအဝင် တံခါးပေါက် ယာဘက်ဘေးရှိ ပလတ်စတစ်ခြင်းအတွင်း ထည့်ထားပြီး ကာလတန်ဖိုးငွေ ကျပ်(၂၁၂.၅)သိန်းခန့် တန်ဖိုးရှိသည့် အိုက်စ် အလေးချိန် (၈၅၀)ဂရမ်ခန့် နှင့် အိပ်ခန်းခြေရင်းဘက်ရှိ သစ်သီးထည့်သည့် အဖြူရောင် ပလတ်စတစ်ခြင်းအတွင်းမှ ကာလတန်ဖိုးငွေ ကျပ်သိန်း(၃၂၄၀)ခန့် တန်ဖိုးရှိ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂၁၆၀၀၀)ပြားတို့အား တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ နိုင်လင်း(ခ)ဆံရှည်၏ နေအိမ်အား နံနက်(၁)နာရီခွဲဝန်းကျင်အချိန်က ဝင်ရောက် ရှာဖွေရာတွင် နေအိမ်၌၎င်းအား အသင့်တွေ့ရှိရပြီး နေအိမ်အိပ်ခန်းခြေရင်းဘက်ရှိ ခရီးဆောင် အိတ်အတွင်းမှ ကာလတန်ဖိုးငွေ ကျပ်သိန်း(၃၆၅.၉၈၅)ခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြားများကို ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

စုစုပေါင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ကျပ်သိန်း(၃၈၀၀)ကျော်ရှိပြီး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~