တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာတွင် မေလ(၅)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က အသက်(၂၃)နှစ်အရွယ် လူငယ်တစ်ဦးသည် မော်တော်ဆိုင်ကယ် မောင်းလာစဉ် လမ်းပေါ်ရှိ နွားအား ၀င်တိုက်မိရာမှ စိုးရိမ်ရသည့် ဦးခေါင်း ဒဏ်ရာရရှိထား၍ ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်နိုင်ရန် ဆောင်ရွက်နေလျက်ရှိကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။
ဆိုင်ကယ်ဖြင့် နွားအား ၀င်တိုက်မိရာမှ ဦးခေါင်းဒဏ်ရာ ရရှိကာ မေ့မျောနေသည့်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားပြီး ထိုမှတစ်ဆင့် မယ်ဆိုင်ဆေးရုံကို ပို့ဆောင်ထားရှိကာ ဆက်လက်၍ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ဆိုင်ကယ်ဖြင့် နွားအား ဝင်တိုက်မိရာမှ ဦးခေါင်းဒဏ်ရာ ရရှိကာ မေ့မျောနေသည့်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားပြီး ထိုမှတစ်ဆင့် မယ်ဆိုင်ဆေးရုံကို ပို့ဆောင်ထားရှိကာ ဆက်လက်၍ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဦးခေါင်းထိခိုက်ဒဏ်ရာများ ရရှိ၍ မေလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်ထိ သတိရရှိခြင်း မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ - #တာချီလိတ်နာရေးကူညီမှုအသင်း