မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕တြင္ သစ္သားတံတားအိုႀကီးအား ဖ်က္ကာ က်ပ္သိန္းေပါင္း (၅၆၅)သိန္း ကုန္က်ခံ၍ သံကူကြန္ကရစ္တံတား သစ္အျဖစ္ ေဆာက္လုပ္ၿပီးစီးျခင္း အထိမ္းအမွတ္ ဖြင့္ပြဲ အခမ္းအနားကို ကန္ေတာ္ႀကီးတံတား၏ အေရွ႕ဘက္တံတားအေျခတြင္ ဧၿပီလ(၂၉)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ေၾကာင္း သိရသည္။
"တိုင္းေဒသႀကီးအစိုးရ ရန္ပံုေငြမ်ားကို ၿမိဳ႕နယ္ဖြ႔ံၿဖိဳးေရး နဲ႔ စည္ပင္သာယာေရးကိစၥမ်ားမွာ အက်ိဳး႐ွိစြာ ခြဲေဝအသံုးခ်ႏိုင္ခဲ႔တဲ႔အတြက္ ယခုလို လွပခိုင္ခန္႔တဲ႔ တံတားအသစ္ႀကီး အျမန္ဆံုး တည္ေဆာက္ ေပးႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္”ဟု ေတာင္တြင္းႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးႀကီးၾကပ္မႈေကာ္မတီ ဥကၠဌ ဦးတင္လွ က ဆိုသည္။
အဆိုပါ တံတားသည္ ယခင္က သစ္သားတံတားအိုႀကီးအျဖစ္ရွိေနရာမွ မေကြးတိုင္းေဒသႀကီး အစိုးရရန္ပံုေငြမွ ေငြက်ပ္သိန္း(၄၀၀)၊ Aung Foundation Group Co,ltd မွ ေငြက်ပ္သိန္း (၁၄၀) ႏွင့္ ပုဏၰဝတီေဂါက္ကလပ္အဖြဲ႕ဝင္မ်ားမွ ေငြက်ပ္(၂၅) သိန္း စုစုေပါင္း ေငြက်ပ္သိန္းေပါင္း (၅၆၅) သိန္း အကုန္အက်ခံတည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ရတနာပြင့္လွ ကန္ေတာ္ႀကီး ျဖတ္ကူးတံတားသစ္ ဖြင့္ပြဲသို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ စီမံကိန္း၊ ဘ႑ာေရးႏွင့္စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္း၊ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ ဒု-ဥကၠဌ ဦးေဇာ္မ်ိဳးဝင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ပါတီဝင္မ်ား၊ ဌာနဆိုင္ရာအသီးသီးမွတ ာဝန္႐ွိသူမ်ား၊ ၿမိဳ႕ခံျပည္သူမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ဓာတ္ပံု - ေအေကေက(ေတာင္တြင္းႀကီး)
.................
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် သစ်သားတံတားအိုကြီးအား ဖျက်ကာ ကျပ်သိန်းပေါင်း (၅၆၅)သိန်း ကုန်ကျခံ၍ သံကူကွန်ကရစ်တံတား သစ်အဖြစ် ဆောက်လုပ်ပြီးစီးခြင်း အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားကို ကန်တော်ကြီးတံတား၏ အရှေ့ဘက်တံတားအခြေတွင် ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
"တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေများကို မြို့နယ်ဖွံ့ဖြိုးရေး နဲ့ စည်ပင်သာယာရေးကိစ္စများမှာ အကျိုးရှိစွာ ခွဲဝေအသုံးချနိုင်ခဲ့တဲ့အတွက် ယခုလို လှပခိုင်ခန့်တဲ့ တံတားအသစ်ကြီး အမြန်ဆုံး တည်ဆောက် ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးတင်လှ က ဆိုသည်။
အဆိုပါ တံတားသည် ယခင်က သစ်သားတံတားအိုကြီးအဖြစ်ရှိနေရာမှ မကွေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေမှ ငွေကျပ်သိန်း(၄၀၀)၊ Aung Foundation Group Co,ltd မှ ငွေကျပ်သိန်း (၁၄၀) နှင့် ပုဏ္ဏဝတီဂေါက်ကလပ်အဖွဲ့ဝင်များမှ ငွေကျပ်(၂၅) သိန်း စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၅၆၅) သိန်း အကုန်အကျခံတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာပွင့်လှ ကန်တော်ကြီး ဖြတ်ကူးတံတားသစ် ဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒု-ဥက္ကဌ ဦးဇော်မျိုးဝင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ မြို့ခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - အေကေကေ(တောင်တွင်းကြီး)