ရှမ်းပြည်နယ်အတွင်း စားသုံးရန်မသင့် ကုန်ပစ္စည်းများ ရောင်းချနေသည့်ဆိုင်များအား စစ်ဆေးတွေ့ရှိပါက မေလမှစ၍ ဆက်လက်မရောင်းချရန် ဝန်ခံကတိလက်မှတ် ရေးထိုးစေမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်၏ မြို့နယ် (၅၅) မြို့နယ်အနက် (၂၂)မြို့နယ်တွင် အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်နေပြီး၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး (၆၀၄) ကြိမ်၊ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း (၂၈၃ ) ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၉၆) ကြိမ်၊ ပြည်တွင်းအလုပ်ရုံဆွေးနွေးကျင်းပခြင်း (၁) ကြိမ်၊ သင်တန်းပို့ချခြင်း (၅)ကြိမ်၊ လက်ကမ်းစာစောင် (၁,၃၀၇,၆၁၀)စောင်တို့ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်အတွင်း စားသုံးရန်မသင့်ပစ္စည်း ရောင်းချသည့်ဆိုင်များ ဝန်ခံကတိလက်မှတ်ထိုးရမည်
“ပညာပေးလုပ်ငန်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာပါ။ တစ်ဖက်ကလည်း ဥပဒေနဲ့အညီ အရေးယူနိုင်အောင် လုပ်သွားမှာပါ။ ဥပဒေ နဲ့ ပတ်သက်ပြီးတော့လည်း ထိထိရောက်ရောက် အရေးယူဖို့ ကော်မတီ ကနေ ဆုံးဖြတ်ထားပါတယ်။ အရင်တုန်းကတော့ စစ်ဆေးတာတွေ ပညာပေးတာတွေပဲ လုပ်တယ်။ အခုမေလ ကစပြီးတော့ ဝန်ခံကတိ လတ်မှတ်ရေးထိုးတာတွေကို ပြုလုပ်သွားမှာပါ” ဟု စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
ရှမ်းပြည်နယ်၏ မြို့နယ် (၅၅) မြို့နယ်အနက် (၂၂)မြို့နယ်တွင် အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်နပြေီး၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး (၆၀၄) ကြိမ်၊ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း (၂၈၃ ) ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၉၆) ကြိမ်၊ ပြည်တွင်းအလုပ်ရုံဆွေးနွေးကျင်းပခြင်း (၁) ကြိမ်၊ သင်တန်းပို့ချခြင်း (၅)ကြိမ်၊ လက်ကမ်းစာစောင် (၁,၃၀၇,၆၁၀)စောင်တို့ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သတင်း - နိုနို