မိုးကုတ္ၿမိဳ႕နယ္ ေအာင္မဂၤလာရပ္ရွိ ေအာင္သိဒၶိရပ္ကြက္ႏွင့္ ရႊံ႕ပန္းရပ္ကြက္အၾကား လူေနအိမ္တစ္ခု၏ လွ်ပ္စစ္ေရေႏြးအိုးတည္ၿပီး ေမ့ထားခဲ့ရာမွ မီးေလာင္ကၽြမ္းမႈျဖစ္ပြားသျဖင့္ လူေနအိမ္ (၁၆)လံုး မီးေလာင္ကၽြမ္းသြားေၾကာင္း သိရသည္။
“ရပ္ကြက္ႏွစ္ခုက စုစုေပါင္း လူေနအိမ္( ၁၆) လုံုး မီးေလာင္ခဲ့တာပါ။ စတင္ေလာင္ကၽြမ္းတဲ့အိမ္က အိမ္ရွင္ လင္မယားက လွ်ပ္စစ္ေရေႏြးအိုးတည္ထားတာကိုေမ့ၿပီး အျပင္ထြက္သြားခဲ့တာလို႔ေျပာပါတယ္။ အဲဒီေရေႏြး အိုးတည္တဲ့ ေနရာကေန စေလာင္ခဲ့တာပါ”ဟု မိုးကုတ္ၿမိဳ႕ အေရွ႕ပိုင္း ၿမိဳ႕နယ္မီးသတ္ဦးစီး ဌာနမွ ဦးစီးအရာရွိ ဦးထြန္းႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေဖေဖၚဝါရီလ (၂၇) ရက္ေန႔ နံနက္(၁၁) နာရီခန္႔မွစ၍ မီးေလာင္မႈျဖစ္ပြားခဲ့ရာ မိုးကုတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ အရန္မီးသတ္တပ္ဖြဲ႔ဝင္ (၂၀) ဦးႏွင့္ သေႏၶမီးသတ္အဖြဲ႔ဝင္ (၇) ဦး အပါအဝင္ မိုးကုတ္ၿမိဳ႕ႏွင့္ အနီးအနားေဒသမွ မီးသတ္ယာဥ္စုစုေပါင္း (၁၀) စီးႏွင့္ ရပ္ကြက္ေနလူထုမွ စုေပါင္းကာ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့သျဖင့္ ေန႔လယ္(၁၂) နာရီ (၁၀) မိနစ္ခန္႔တြင္ ၿငိႇမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
စတင္ေလာင္ကြ်မ္းခဲ့သည့္ ေအာင္သိဒၶိရပ္ကြက္မွ ေနအိမ္ (၁၁) လံုးႏွင့္ မီးကူးစက္ခံရသည့္ ရႊ႔ံပန္းရပ္ကြက္မွ အိမ္ (၅) လံုးပါဝင္ကာ ေနအိမ္(၁၄)လံုးမွာ လံုးဝေလာင္ကၽြမ္းသြားခဲ့ၿပီး ေနအိမ္(၂)လံုးမွာ ထရံအနည္းငယ္ႏွင့္ မီတာေဘာက္စ္တစ္လံုး ေလာင္ကြ်မ္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရႊေစတီေက်ာင္း ေအာက္ဖက္နားထိ မီးကူးသြားတယ္။ တန္ေဆာင္းအခ်ိဳ႕လည္း မီးေလာင္သြားတယ္လို႔ ေျပာတယ္။ အေဆာက္အဦးပဲ မီးေလာင္တယ္။ လူေတြဘာေတြေတာ့ အေသအေပ်ာက္ မရွိဘူးလို႔ လတ္တေလာ သိရပါတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူး”ဟု မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
မီးေလာင္ကြ်မ္းမႈေၾကာင့္ ပ်က္စီးဆံုးရံႈးခဲ့ရသည့္ တန္ဖိုးကို တြက္ခ်က္ေနဆဲျဖစ္ၿပီး မီးစတင္ ေလာင္ကြ်မ္းသည့္ ေနအိမ္မွ အိမ္ရွင္အား မိုးကုတ္ၿမိဳ႕မရဲစခန္းတြင္ မီးေပါ့ဆမႈျဖင့္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မိုးကုတ်မြို့နယ် အောင်မင်္ဂလာရပ်ရှိ အောင်သိဒ္ဓိရပ်ကွက်နှင့် ရွှံ့ပန်းရပ်ကွက်အကြား လူနေအိမ်တစ်ခု၏ လျှပ်စစ်ရေနွေးအိုးတည်ပြီး မေ့ထားခဲ့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူနေအိမ် (၁၆)လုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။
“ရပ်ကွက်နှစ်ခုက စုစုပေါင်း လူနေအိမ်( ၁၆) လုံး မီးလောင်ခဲ့တာပါ။ စတင်လောင်ကျွမ်းတဲ့အိမ်က အိမ်ရှင် လင်မယားက လျှပ်စစ်ရေနွေးအိုးတည်ထားတာကိုမေ့ပြီး အပြင်ထွက်သွားခဲ့တာလို့ပြောပါတယ်။ အဲဒီရေနွေး အိုးတည်တဲ့ နေရာကနေ စလောင်ခဲ့တာပါ”ဟု မိုးကုတ်မြို့ အရှေ့ပိုင်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးထွန်းနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက်(၁၁) နာရီခန့်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးနှင့် သန္ဓမေီးသတ်အဖွဲ့ဝင် (၇) ဦး အပါအဝင် မိုးကုတ်မြို့နှင့် အနီးအနားဒေသမှ မီးသတ်ယာဉ်စုစုပေါင်း (၁၀) စီးနှင့် ရပ်ကွက်နေလူထုမှ စုပေါင်းကာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် နေ့လယ်(၁၂) နာရီ (၁၀) မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
စတင်လောင်ကျွမ်းခဲ့သည့် အောင်သိဒ္ဓိရပ်ကွက်မှ နေအိမ် (၁၁) လုံးနှင့် မီးကူးစက်ခံရသည့် ရွှံ့ပန်းရပ်ကွက်မှ အိမ် (၅) လုံးပါဝင်ကာ နေအိမ်(၁၄)လုံးမှာ လုံးဝလောင်ကျွမ်းသွားခဲ့ပြီး နေအိမ်(၂)လုံးမှာ ထရံအနည်းငယ်နှင့် မီတာဘောက်စ်တစ်လုံး လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေစေတီကျောင်း အောက်ဖက်နားထိ မီးကူးသွားတယ်။ တန်ဆောင်းအချို့လည်း မီးလောင်သွားတယ်လို့ ပြောတယ်။ အဆောက်အဦးပဲ မီးလောင်တယ်။ လူတွေဘာတွေတော့ အသေအပျောက် မရှိဘူးလို့ လတ်တလော သိရပါတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး မီးစတင် လောင်ကျွမ်းသည့် နေအိမ်မှ အိမ်ရှင်အား မိုးကုတ်မြို့မရဲစခန်းတွင် မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်