ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမတြင္ ၀က္စာမ်ား သယ္ေဆာင္လာသည့္ လက္တြန္းလွည္းအား ေက်ာ္တက္သည့္ ဆိုင္ကယ္က လမ္းေဘးသစ္ပင္ကို ဝင္တိုက္မိရာမွ တစ္ဦးေသဆံုးၿပီး ဆိုင္ကယ္တုိက္မိ၍ ေရြ႕သြားသည့္ လက္တြန္းလွည္းအား အျခားဆိုင္ကယ္တစ္စီးျဖင့္ ထပ္မံတုိက္မိသြားေၾကာင္း သိရသည္။
ေဖေဖၚဝါရီလ (၁) ရက္ေန႔ နံနက္ (၂)နာရီ (၃၀)မိနစ္၀န္းက်င္အခ်ိန္တြင္ အမွတ္(၂)ခ်စ္ၾကည္ေရးတံတား မီးပိြဳင့္လမ္းဆံုမွ ပံုလို႔လမ္းဆံုဘက္သို႔ လူငယ္ႏွစ္ဦးပါသည့္ ဆိုင္ကယ္သည္ လက္တြန္းလွည္းအား ေက်ာ္တက္စဥ္ အရွိန္မထိန္းႏိုင္ဘဲ ပြတ္တိုက္မိၿပီး လမ္းယာဘက္ေဘးပလက္ေဖာင္းရိွ ေရတမာပင္အား ဝင္တိုက္မိကာ ဆိုင္ကယ္ေမာင္းႏွင္သူ ေက်ာ္ေဇာမွာ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားၿပီး ေနာက္မွလိုက္ပါလာသူမွာ နဖူး၊ ဝဲပါး၊ အထက္ႏႈတ္ခမ္းပြန္းပဲ့ဒဏ္ရာမ်ားရသြားျခင္းျဖစ္ေၾကာင္း သိရသည္။
ဆိုင္ကယ္တိုက္မိသျဖင့္ လမ္းဝဲဘက္ျခမ္းသို႔ ေရြ႕သြားသည့္ တြန္းလွည္းႏွင့္ တြန္းလွည္းတြန္းသူအား ေနာက္မွ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္က ထပ္မံတိုက္မိသျဖင့္ တြန္းလွည္းတြန္းသူ ဦးဝင္းဘိုမွာ ဝဲဘက္ေျခသလံုး ေျခက်င္းဝတ္ေပါက္ၿပဲက်ိဳးဒဏ္ရာရရိွသြားၿပီး ဆိုင္ကယ္ေမာင္းႏွင္သူမွာ ဝဲဘက္ နားေသြးထြက္၊ ဝဲမ်က္လံုးေဘးပြန္းပဲ့ဒဏ္ရာမ်ား ရသြားေၾကာင္း သိရသည္။
ယာဥ္တိုက္မႈေၾကာင့္ ေသဆံုးသြားသည့္ ရုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုး ႏွင့္ အသင္းသားမ်ားမွ သယ္ေဆာင္ကာ တာခ်ီလိတ္ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၾကၿပီး ဒဏ္ရာ ရရွိသူမ်ားကို ေဆး၀ါးကုသႏိုင္ရန္အတြက္ အခ်ိန္မီပို႔ေဆာင္ခဲ့ရေၾကာင္းလည္း သိရသည္။
အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ဆိုင္ကယ္အား မဆင္မျခင္ေမာင္းႏွင္ၿပီး ေသဆံုးသြားသူ ယာဥ္ေမာင္းေက်ာ္ေဇာအား တာခ်ီလိိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် (၂)နာရီ (၃၀)မိနစ်ဝန်းကျင်အချိန်တွင် အမှတ်(၂)ချစ်ကြည်ရေးတံတား မီးပွိုင့်လမ်းဆုံမှ ပုံလို့လမ်းဆုံဘက်သို့ လူငယ်နှစ်ဦးပါသည့် ဆိုင်ကယ်သည် လက်တွန်းလှည်းအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ပွတ်တိုက်မိပြီး လမ်းယာဘက်ဘေးပလက်ဖောင်းရှိ ရေတမာပင်အား ဝင်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ ကျော်ဇောမှာ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး နောက်မှလိုက်ပါလာသူမှာ နဖူး၊ ဝဲပါး၊ အထက်နှုတ်ခမ်းပွန်းပဲ့ဒဏ်ရာများရသွားခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်တိုက်မိသဖြင့် လမ်းဝဲဘက်ခြမ်းသို့ ရွေ့သွားသည့် တွန်းလှည်းနှင့် တွန်းလှည်းတွန်းသူအား နောက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်က ထပ်မံတိုက်မိသဖြင့် တွန်းလှည်းတွန်းသူ ဦးဝင်းဘိုမှာ ဝဲဘက်ခြေသလုံး ခြေကျင်းဝတ်ပေါက်ပြဲကျိုးဒဏ်ရာရရှိသွားပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ဝဲဘက် နားသွေးထွက်၊ ဝဲမျက်လုံးဘေးပွန်းပဲ့ဒဏ်ရာများ ရသွားကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုး နှင့် အသင်းသားများမှ သယ်ဆောင်ကာ တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဒဏ်ရာ ရရှိသူများကို ဆေးဝါးကုသနိုင်ရန်အတွက် အချိန်မီပို့ဆောင်ခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်ပြီး သေဆုံးသွားသူ ယာဉ်မောင်းကျော်ဇောအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း