ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သီေပါၿမိဳ႕နယ္ အံုမုအထက္ပိုင္း မန္လြယ္ေက်းရြာအနီး လက္ဖက္စိုက္ခင္းသို႔ သြားစဥ္ ဇန္နဝါရီလ ၂၁ ရက္ မနက္ ၇ နာရီခြဲခန္႔က မိုင္းနင္းမိ၍ ေျခေထာက္ႏွစ္ဖက္ ဒဏ္ရာရရွိသြားသည့္ အမ်ိဳးသမီးမွာ ေဆးကုသမႈခံယူရန္ အကူအညီလိုအပ္ေနေၾကာင္း သိရသည္။
“ဒဏ္ရာက ေျခေထာက္ႏွစ္ဖက္လံုး အေတာ္မ်ားမ်ား ရထားတယ္ဗ်။ ၂၁ ရက္ညက သီေပါေဆးရံုကေန လားရိႈးျပည္သူ႔ေဆးရံုကို ပို႔လိုက္တာဗ်။ ေလာေလာဆယ္ေတာ့ ေဆးကုသဖို႔နဲ႔ စားဖို႔ေသာက္ဖို႔အကူအညီ လတ္တေလာ လိုအပ္ေနပါတယ္။ ေဆးရံုမွာ ဘယ္လိုကုသေပးမယ္ မသိေသးေတာ့ ဘာေတြထပ္လိုဦးမလဲ မသိေသးဘူး” ဟု မိုင္းထိလူနာမ်ားအား လိုက္လံကူညီေပးခဲ့သူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နယ္စည္းမျခား ပရဟိတ လူမႈကူညီေရးအသင္းမွ ကိုမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
လူနာမိသားစုအား လားရိႈးၿမိဳ႕တြင္ ေဆးကုသမႈခံယူရန္ႏွင့္ ေဆးရံုတြင္ ေနထိုင္စားေသာက္ရန္အတြက္ အလွဴေငြအခ်ိဳ႕ လွဴဒါန္းထားမႈရိွေၾကာင္း သိရသည္။
“ေငြကေတာ့ မလိုဘူးဆိုတာေတာ့ မရွိဘူးေလ။ ေဆးရံုက ဘာလုပ္ေပးမလဲဆိုတာ ကၽြန္ေတာ္တို႔က မသိေသး ဘူး။ အလွဴေငြေတာ့ ေလာေလာဆယ္ ရွစ္ေသာင္းေလာက္ ရထားတယ္။ သူ႔ဒဏ္ရာက ေတာ္ေတာ္ဆိုးတယ္” ဟု လူနာမ်ားအား အကူအညီေပးခဲ့သည့္ ကိုမ်ိဳးက ေျပာသည္။
မိုင္းနင္းမိသည့္ အသက္ ၂၀ အရြယ္ အမ်ိဳးသမီးငယ္မွာ ရင္ညြန္႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားခဲ့ၿပီး (၁၂) ႏွစ္အရြယ္အမ်ိဳးသမီးတြင္ ေျခေထာက္ဒဏ္ရာျဖင့္ သီေပါၿမိဳ႕ေဆးရံုတြင္ ေဆးကုသမႈခံယူူေနၿပီး (၁၃) ႏွစ္အရြယ္အမ်ိဳးသမီးမွာ ေျခေထာက္ႏွစ္ဖက္တြင္ ဒဏ္ရာျပင္းထန္စြာ ရသြားသျဖင့္ လားရိႈးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနျခင္းျဖစ္သည္။
သတင္း - ေနၿဖဳိးျမင့္
“ဒဏ်ရာက ခြေထောက်နှစ်ဖက်လုံး အတော်များများ ရထားတယ်ဗျ။ ၂၁ ရက်ညက သီပေါဆေးရုံကနေ လားရှိုးပြည်သူ့ဆေးရုံကို ပို့လိုက်တာဗျ။ လောလောဆယ်တော့ ဆေးကုသဖို့နဲ့ စားဖို့သောက်ဖို့အကူအညီ လတ်တလော လိုအပ်နေပါတယ်။ ဆေးရုံမှာ ဘယ်လိုကုသပေးမယ် မသိသေးတော့ ဘာတွေထပ်လိုဦးမလဲ မသိသေးဘူး” ဟု မိုင်းထိလူနာများအား လိုက်လံကူညီပေးခဲ့သူ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စည်းမခြား ပရဟိတ လူမှုကူညီရေးအသင်းမှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
လူနာမိသားစုအား လားရှိုးမြို့တွင် ဆေးကုသမှုခံယူရန်နှင့် ဆေးရုံတွင် နေထိုင်စားသောက်ရန်အတွက် အလှူငွေအချို့ လှူဒါန်းထားမှုရှိကြောင်း သိရသည်။
“ငွေကတော့ မလိုဘူးဆိုတာတော့ မရှိဘူးလေ။ ဆေးရုံက ဘာလုပ်ပေးမလဲဆိုတာ ကျွန်တော်တို့က မသိသေး ဘူး။ အလှူငွေတော့ လောလောဆယ် ရှစ်သောင်းလောက် ရထားတယ်။ သူ့ဒဏ်ရာက တော်တော်ဆိုးတယ်” ဟု လူနာများအား အကူအညီပေးခဲ့သည့် ကိုမျိုးက ပြောသည်။
မိုင်းနင်းမိသည့် အသက် ၂၀ အရွယ် အမျိုးသမီးငယ်မှာ ရင်ညွန့်တွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး (၁၂) နှစ်အရွယ်အမျိုးသမီးတွင် ခြေထောက်ဒဏ်ရာဖြင့် သီပေါမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနပြေီး (၁၃) နှစ်အရွယ်အမျိုးသမီးမှာ ခြေထောက်နှစ်ဖက်တွင် ဒဏ်ရာပြင်းထန်စွာ ရသွားသဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနခြေင်းဖြစ်သည်။
သတင်း - နဖြေိုးမြင့်