ရွမ္းျပည္နယ္ေျမာက္ လားရိႈးၿမိဳ႕တြင္ ဇန္နဝါရီလ ၂၇ ရက္မွစတင္၍ ရဲဌာနႏွင့္ တပ္မေတာ္ပူးေပါင္းၿပီး နယ္ေျမလံုၿခံဳေရး ကင္းလွည့္မႈ တိုးျမႇင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“ခုေလာေလာဆယ္ တပ္ရာ၊ ရဲေရာ လံုၿခံဳေရးေဆာင္ရြက္ေနပါတယ္။ ညႊန္ၾကားခ်က္အရ လုပ္ရတာပါ။ အခ်ိန္ကာလကေတာ့ ဘယ္ေန႔ကေန ဘယ္ေန႔အထိရယ္လို႔ မရွိပါဘူး"ဟု လားရိႈးၿမိဳ့ အမွတ္(၂) ရဲ စခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
ဇန္နဝါရီလ ၂၇ ရက္ေန႔ မနက္ပိုင္းမွစ၍ ရဲဌာနကားမ်ား၊ ရဟတ္ယာဥ္မ်ားအသံုးျပဳကာ ရဲအင္အား ၁၂၀ ေက်ာ္ ႏွင့္ တပ္မေတာ္ပါဝင္သည့္ လံုၿခံဳေရးကင္းလွည့္အဖြဲ႕က စတင္ေဆာင္ရြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
“ဘာပဲျဖစ္ျဖစ္ အဲဒီလိုအင္နဲ႔အားနဲ႔ လံုၿခံဳေရးယူေပးေနတာကိုျမင္ရေတာ့ ဝမ္းသာပါတယ္။ ပိုၿပီးလံုၿခံဳသလို ခံစားရတယ္။ ျပည္သူတစ္ေယာက္အေနနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြ၊ တပ္မေတာ္သားေတြကို ပိုၿပီး ေလးစားမိပါတယ္။ ဒီလိုမ်ိဳး အၿမဲတမ္းသာ လံုၿခံဳေရးသတိရွိေနမယ္ဆိုရင္ အေကာင္းဆံုးပါပဲ”ဟု လားရိႈးၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
လားရိႈးၿမိဳ႕တြင္း၌ နယ္ေျမအေျခအေန တည္ၿငိမ္ေနေသာ္လည္း ရဟတ္ယာဥ္၊ ရဲကား၊ သံခ်ပ္ကာ တင့္ကားမ်ားျဖင့္ လွည့္ကင္းေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
“ခုလောလောဆယ် တပ်ရာ၊ ရဲရော လုံခြုံရေးဆောင်ရွက်နေပါတယ်။ ညွှန်ကြားချက်အရ လုပ်ရတာပါ။ အချိန်ကာလကတော့ ဘယ်နေ့ကနေ ဘယ်နေ့အထိရယ်လို့ မရှိပါဘူး “ဟု လားရှိုးမြို့ အမှတ်(၂) ရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှစ၍ ရဲဌာနကားများ၊ ရဟတ်ယာဉ်များအသုံးပြုကာ ရဲအင်အား ၁၂၀ ကျော် နှင့် တပ်မတော်ပါဝင်သည့် လုံခြုံရေးကင်းလှည့်အဖွဲ့က စတင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ဘာပဲဖြစ်ဖြစ် အဲဒီလိုအင်နဲ့အားနဲ့ လုံခြုံရေးယူပေးနေတာကိုမြင်ရတော့ ဝမ်းသာပါတယ်။ ပိုပြီးလုံခြုံသလို ခံစားရတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေကို ပိုပြီး လေးစားမိပါတယ်။ ဒီလိုမျိုး အမြဲတမ်းသာ လုံခြုံရေးသတိရှိနေမယ်ဆိုရင် အကောင်းဆုံးပါပဲ”ဟု လားရှိုးမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
လားရှိုးမြို့တွင်း၌ နယ်မြေအခြေအနေ တည်ငြိမ်နေသော်လည်း ရဟတ်ယာဉ်၊ ရဲကား၊ သံချပ်ကာ တင့်ကားများဖြင့် လှည့်ကင်းဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်