ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕တြင္ ဇန္နဝါရီလ ၁၆ ရက္ နံနက္ ၁၁ နာရီေက်ာ္က လက္ဖက္ၿခံမွ ျပန္လာသူတစ္ဦး မုိင္းနင္းမိ၍ ညာဖက္ေျခဖဝါးေၾကြမြသြားသျဖင့္ လားရိႈးၿမိဳ႕ ျပည္သူ႕ေဆးရံုတြင္ ကုသမႈခံယူေနရေၾကာင္းသိရသည္။
“လားရိႈးလာမယ္လို႔ေတာ့ေျပာပါတယ္ ကြ်န္ေတာ္တို႔လည္းေၾကးနန္းတင္ဖို႔ ေစာင့္ေနတာခင္ဗ် “ဟု လားရိႈးခရိုင္ရဲရံုးမွ ရဲအုပ္လင္းထြန္းမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
နမ့္ဆန္ၿမိဳ႕ မိုးဂဲလ္ရပ္ကြက္ေန ဦးအိုက္ညြန္႔ႏွင့္ဇနီးျဖစ္သူတို႔ လက္ဖက္ၿခံမွျပန္လာသည့္လမ္း၌ မိုင္းနင္းမိသျဖင့္ ကိုယ္တိုင္ဆုိင္ကယ္စီးၿပီး နမ့္ဆန္ေဆးရံုသို႔လာေရာက္ရျခင္းျဖစ္ေၾကာင္း သိရသည္။
"ေျခေထာက္က ျဖတ္ထားတယ္ဆိုေတာ့ ပတ္တီးေတြ ဘာေတြ စနစ္တက်ျပန္စည္းေပးထားပါတယ္။ ေဆးဝါးေတြ ဘာေတြလည္း လိုအပ္ခ်က္မရိွပါဘူး"ဟု ေရႊေၾကးစည္အသင္း ဥကၠဌ
ဦးစိုင္းညီညီက ေျပာသည္။
လားရိႈးေဆးရံုတြင္ ဆက္လက္ကုသမႈခံယူရန္ ဂရုဏာလူမႈကူညီေရးမွ ကူညီပို႔ေဆာင္ေပးၿပီး လားရိႈး ေရႊေၾကးစည္ရွင္သန္လူမႈကူညီေရးႏွင့္ ေအာင္မဂၤလာနမ့္ဆန္ေက်ာင္း ဆရာေတာ္တို႔မွ လိုအပ္သည္မ်ား ကူညီပံ့ပိုးေပးေနေၾကာငး္ သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕တြင္ TNLA ႏွင့္ တပ္မေတာ္တို႔ ဇန္နဝါရီလ ၁၁ ရက္ကလည္း တိုက္ပြဲျဖစ္သြားသျဖင့္ အမ်ိဳးသားတစ္ဦးႏွင့္ ကေလးတစ္ဦးေသဆံုးခဲ့ရၿပီး ဒါဏ္ရာရရွိသူ ၈ ဦးရိွခဲ့သည္။
သတင္း - ေနၿဖိဳးျမင့္
“လားရှိုးလာမယ်လို့တော့ပြောပါတယ် ကျွန်တော်တို့လည်းကြေးနန်းတင်ဖို့ စောင့်နေတာခင်ဗျ “ဟု လားရှိုးခရိုင်ရဲရုံးမှ ရဲအုပ်လင်းထွန်းမင်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
နမ့်ဆန်မြို့ မိုးဂဲလ်ရပ်ကွက်နေ ဦးအိုက်ညွန့်နှင့်ဇနီးဖြစ်သူတို့ လက်ဖက်ခြံမှပြန်လာသည့်လမ်း၌ မိုင်းနင်းမိသဖြင့် ကိုယ်တိုင်ဆိုင်ကယ်စီးပြီး နမ့်ဆန်ဆေးရုံသို့လာရောက်ရခြင်းဖြစ်ကြောင်း သိရသည်။
"ခြေထောက်က ဖြတ်ထားတယ်ဆိုတော့ ပတ်တီးတွေ ဘာတွေ စနစ်တကျပြန်စည်းပေးထားပါတယ်။ ဆေးဝါးတွေ ဘာတွေလည်း လိုအပ်ချက်မရှိပါဘူး"ဟု ရွှေကြေးစည်အသင်း ဥက္ကဌ
ဦးစိုင်းညီညီက ပြောသည်။
လားရှိုးဆေးရုံတွင် ဆက်လက်ကုသမှုခံယူရန် ဂရုဏာလူမှုကူညီရေးမှ ကူညီပို့ဆောင်ပေးပြီး လားရှိုး ရွှေကြေးစည်ရှင်သန်လူမှုကူညီရေးနှင့် အောင်မင်္ဂလာနမ့်ဆန်ကျောင်း ဆရာတော်တို့မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးနေကြောငး် သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် TNLA နှင့် တပ်မတော်တို့ ဇန်နဝါရီလ ၁၁ ရက်ကလည်း တိုက်ပွဲဖြစ်သွားသဖြင့် အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦးသေဆုံးခဲ့ရပြီး ဒါဏ်ရာရရှိသူ ၈ ဦးရှိခဲ့သည်။
သတင်း - နဖြေိုးမြင့်