ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နှင့် (၈)မိုင်ခန့်အကွာရှိ ရေပူရဲကင်းစခန်း ဒီဇင်ဘာလ (၃) ရက်ည (၉)နာရီခန့်က တိုက်ခိုက်ခံရသဖြင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိန်းနီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သတင်း - နေဖြိုးမြင့်
“မနေ့က တိုက်ခိုက်တာဟုတ်ပါတယ်။ အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သတင်းရပါတယ်”ဟု သိန်းနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဖုန်းလက်ခံဖြကြေားသည့် တာဝန်ရှိသူက ဆိုသည်။
အဆိုပါပစ်ခတ်မှုကြောင့် လားရှိုး - သိန်းနီလမ်းမကြီးပေါ်မှ ကုန်တင်ကားများရပ်တန့်ထားခဲ့ရပြီး အချို့မှာ လားရှိုးသို့ ပြန်လည်ထွက်ခွာလာခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့များတွင် နိုဝင်ဘာလ (၂၀) ရက်က KIA၊ TNLA၊ AA နှင့် MNDAA တို့ ပူးပေါင်းထားသည့်အဖွဲ့က တိုက်ခိုက်နေသဖြင့် အဆိုပါဒေသတဝိုက်တွင် တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ (၄) ရက်နံနက်ပိုင်းကလည်း ကွတ်ခိုင်မြို့ မြို့တွင်းတံတားတစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး မကွဲသေးသည့် ဗုံးတစ်လုံးပါ ထပ်မံတွေ့ရှိခဲ့ကြောင်းသိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်