ကျောက်မဲရှိ နမ့်စစ်လင်းကျောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေ

ကျောက်မဲရှိ နမ့်စစ်လင်းကျောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေ
ဒီဇငျဘာ 29, 2016
By Tachileik News Agency





သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ နမ့်စစ်လင်းကျောင်း စစ်ဘေးရှောင်စခန်းသို့ တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာမှ စစ်ဘေးရှောင် (၉၃)ဦး ဒီဇင်ဘာလ(၂၇)ရက်နေ့ ညပိုင်းက စတင်ရောက်ရှိလာပြီးနောက် ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်း အချိန်အထိ စစ်ဘေးရှောင် (၁၅၇)ဦးရှိလာကြောင်း သိရသည်။

လတ်တလောတွင် စစ်ဘေးရှောင်များအတွက် ဆန် (၁၅)အိတ်ခန့်ရှိသော်လည်း စားသုံးဆီ၊ အနွေးထည်များနှင့် စောင်များ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

"သူတို့က မြန်မြန်ပြေးလာရတော့ ဘာမှမပါလာတဲ့သူက များတယ်။ သောက်သုံးရေက လာလှူထားသူ ရှိတယ်။ ဆန်လည်း လက်ရှိအတွက်တော့ဖူလုံတယ် ( ၁၅ ) အိတ်လောက်ရှိတယ်။ ဆီရယ်၊ စောင်တွေ အနွေးထည်တွေက တော့လိုအပ်နေတယ်"ဟု နမ့်စစ်လင်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ မအေးအေး ကပြောသည်။

စစ်ဘေးရှောင် (၁၅၇)ဦးတွင် အသက်(၅)နှစ်အောက် ကလေးငယ် (၂၆)ဦးလည်း ပါဝင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~