ေက်ာက္မဲ - လားရိႈးခရီးသည္တင္ယာဥ္လုိင္းမ်ား ကုန္ပစၥည္းအမ်ားအျပား တင္ေဆာင္ေန

ေက်ာက္မဲ - လားရိႈးခရီးသည္တင္ယာဥ္လုိင္းမ်ား ကုန္ပစၥည္းအမ်ားအျပား တင္ေဆာင္ေန
ဒီဇင်ဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ - လားရိႈးခရီးသည္တင္ ယာဥ္လိုင္းမ်ားတြင္ ကုန္ပစၥည္းအမ်ားအျပား တင္ေဆာင္ေနမႈေၾကာင့္ ခရီးသြားျပည္သူမ်ားအတြက္ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

“ခရီးသည္ထိုင္တဲ့ ထိုင္ခံုေတြေအာက္မွာ အလယ္ေလ်ွာက္လမ္းေတြမွာေရာ ကုန္ေတြ တင္ထားၾကတာဆိုေတာ့ ကားစီးရတာ သက္ေတာင့္သက္သာမရွိဘူး။ တစ္ခါတစ္ေလ ထိုင္ခုံေအာက္မွာ ကုန္ပစၥည္းေတြျပည့္ေနေတာ့ ေျခေထာက္လည္းဆန္႔လို႔မရဘူး”ဟု ေက်ာက္မဲ ႏွင့္ လားရိႈးသို႔ မၾကာခဏ ခရီးသြားေနသည့္ ခရီးသည္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ခရီးသည္တင္ယာဥ္မ်ားတြင္ ကုန္ပစၥည္းမ်ား တင္ေဆာင္ျခင္းအား သီးသန္႔အေနျဖင့္ စစ္ေဆးမႈ ျပဳလုပ္ျခင္းမရိွဘဲ အသက္ကယ္ ထုိင္ခံုခါးပတ္ပတ္ျခင္းကိုသာ စစ္ေဆးေနေၾကာင္း ယာဥ္လုိင္းေပါင္းစံု ႀကီးၾကပ္ေရး ေကာ္မတီမွ သိရသည္။

“အဖြဲ႔အေနနဲ႔ကေတာ့ သီးျခား မရွိပါဘူး။ ယာဥ္ထိန္းေတြဘာေတြနဲ႔ ပူးေပါင္းထားတဲ့ ပူးေပါင္းအဖြဲ႔နဲ႔ တစ္လကို (၁၅)ႀကိမ္ စစ္ေဆးမႈလုပ္ပါတယ္။ အဓိကကေတာ့ လားရိႈး - မႏၱေလး၊ လားရိႈး -ရန္ကုန္ ကားေတြကိုပဲ စစ္ေဆး ျဖစ္ပါတယ္။ ခရီးသည္တင္ကားေတြမွာ ဒရိုင္ဘာယာဥ္ေမာင္းေတြ ထိုင္ခံုခါးပတ္ ပါ မပါစတာေတြန႔ဲ အေရးေပၚ ထြက္ေပါက္ေတြ၊ မီးသတ္ေဆးဗူးေတြ စတာေတြကိုပဲ စစ္ေဆးပါတယ္” ဟု လားရိႈးၿမိဳ႕ ယာဥ္လိုင္းေပါင္းစံု ႀကီးၾကပ္ေရးေကာ္မတီမွ ေကာ္မတီဝင္တစ္ဦးျဖစ္သူ ဦးတင္ဦးက ေျပာသည္။

ခရီးအကြာအေဝး မိုင္ (၅၀) ႏွင့္အထက္သြားလာသည့္ ခရီးသည္တင္ယာဥ္မ်ားတြင္ ယာဥ္ေမာင္းႏွင့္ ဒရိုင္ဘာ မွအစ ခရီးသည္မ်ား အပါအဝင္ ထိုင္ခံုခါးပတ္ ပတ္ျခင္းရွိ မရွိအား စစ္ေဆးမႈကို တစ္လလ်ွင္ (၁၅) ႀကိမ္ခန္႔ ပူးေပါင္းအဖြဲ႔ႏွင့္စစ္ေဆးမႈျပဳလုပ္ၿပီး လားရိႈးၿမိဳ႕ရွိ မန္ဆူကားကြင္း ၿမိဳ႔ျပင္ကားကြင္းႏွင့္ ၄၁ ဂိတ္(အေပၚဂိတ္) စသည့္ ကားဂိတ္မ်ားတြင္ ယာဥ္လုိင္းေပါင္းစံုႀကီးၾကပ္ေရး ေကာ္မတီရံုးမ်ား ထားရွိေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ကြ်န္မကေတာ့ မၾကာခဏ ခရီးသြားေနတာပဲ။ ဒါေပမဲ့ ေက်ာက္မဲ - လားရိႈးခရီးသည္တင္ယာဥ္ေတြေရာ ရွမ္းေျမာက္ကေန မႏၱေလး - ရန္ကုန္ ခရီးသည္တင္ယာဥ္ေတြေရာ ထိုင္ခံုခါးပတ္ ပတ္တဲ့အေလ့အထ မေတြ႔ပါဘူး။ ကၽြန္မတို႔လည္း မပတ္ဖစ္ပါဘူး။ ဒီကခရီးသည္တင္ကားေတြမွာ ထိုင္ခံုခါးပတ္ေတာင္ မပါဘူး” ဟု မၾကာခဏ ခရီးသြားသူ ကုမၸဏီဝန္ထမ္းအမ်ိဳးသမီးတစ္္ဦးက ေျပာသည္။

အေဝးေျပးယာဥ္လိုင္းမ်ားအား ထိုင္ခံုခါးပတ္စစ္ေဆးျခင္းႏွင့္ ခရီးသည္တင္ယာဥ္ေမာင္းမ်ားအား အယ္လ္ကိုေဟာစစ္ေဆးျခင္းမ်ား ျပဳလုပ္သည္ကိုလည္းမေတြ႔ရွိရေၾကာင္း ခရီးသည္မ်ားထံမွ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ - လားရှိုးခရီးသည်တင် ယာဉ်လိုင်းများတွင် ကုန်ပစ္စည်းအများအပြား တင်ဆောင်နေမှုကြောင့် ခရီးသွားပြည်သူများအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

“ခရီးသည်ထိုင်တဲ့ ထိုင်ခုံတွေအောက်မှာ အလယ်လျှောက်လမ်းတွေမှာရော ကုန်တွေ တင်ထားကြတာဆိုတော့ ကားစီးရတာ သက်တောင့်သက်သာမရှိဘူး။ တစ်ခါတစ်လေ ထိုင်ခုံအောက်မှာ ကုန်ပစ္စည်းတွပြေည့်နေတော့ ခြေထောက်လည်းဆန့်လို့မရဘူး”ဟု ကျောက်မဲ နှင့် လားရှိုးသို့ မကြာခဏ ခရီးသွားနေသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်များတွင် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းအား သီးသန့်အနဖြေင့် စစ်ဆေးမှု ပြုလုပ်ခြင်းမရှိဘဲ အသက်ကယ် ထိုင်ခုံခါးပတ်ပတ်ခြင်းကိုသာ စစ်ဆေးနေကြောင်း ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

“အဖွဲ့အနေနဲ့ကတော့ သီးခြား မရှိပါဘူး။ ယာဉ်ထိန်းတွေဘာတွေနဲ့ ပူးပေါင်းထားတဲ့ ပူးပေါင်းအဖွဲ့နဲ့ တစ်လကို (၁၅)ကြိမ် စစ်ဆေးမှုလုပ်ပါတယ်။ အဓိကကတော့ လားရှိုး - မန္တလေး၊ လားရှိုး -ရန်ကုန် ကားတွေကိုပဲ စစ်ဆေး ဖြစ်ပါတယ်။ ခရီးသည်တင်ကားတွေမှာ ဒရိုင်ဘာယာဉ်မောင်းတွေ ထိုင်ခုံခါးပတ် ပါ မပါစတာတွေနဲ့ အရေးပေါ် ထွက်ပေါက်တွေ၊ မီးသတ်ဆေးဗူးတွေ စတာတွေကိုပဲ စစ်ဆေးပါတယ်” ဟု လားရှိုးမြို့ ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင်ဦးက ပြောသည်။

ခရီးအကွာအဝေး မိုင် (၅၀) နှင့်အထက်သွားလာသည့် ခရီးသည်တင်ယာဉ်များတွင် ယာဉ်မောင်းနှင့် ဒရိုင်ဘာ မှအစ ခရီးသည်များ အပါအဝင် ထိုင်ခုံခါးပတ် ပတ်ခြင်းရှိ မရှိအား စစ်ဆေးမှုကို တစ်လလျှင် (၁၅) ကြိမ်ခန့် ပူးပေါင်းအဖွဲ့နှင့်စစ်ဆေးမှုပြုလုပ်ပြီး လားရှိုးမြို့ရှိ မန်ဆူကားကွင်း မြို့ပြင်ကားကွင်းနှင့် ၄၁ ဂိတ်(အပေါ်ဂိတ်) စသည့် ကားဂိတ်များတွင် ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေး ကော်မတီရုံးများ ထားရှိဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်မကတော့ မကြာခဏ ခရီးသွားနေတာပဲ။ ဒါပေမဲ့ ကျောက်မဲ - လားရှိုးခရီးသည်တင်ယာဉ်တွေရော ရှမ်းမြောက်ကနေ မန္တလေး - ရန်ကုန် ခရီးသည်တင်ယာဉ်တွေရော ထိုင်ခုံခါးပတ် ပတ်တဲ့အလေ့အထ မတွေ့ပါဘူး။ ကျွန်မတို့လည်း မပတ်ဖစ်ပါဘူး။ ဒီကခရီးသည်တင်ကားတွေမှာ ထိုင်ခုံခါးပတ်တောင် မပါဘူး” ဟု မကြာခဏ ခရီးသွားသူ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဝေးပြေးယာဉ်လိုင်းများအား ထိုင်ခုံခါးပတ်စစ်ဆေးခြင်းနှင့် ခရီးသည်တင်ယာဉ်မောင်းများအား အယ်လ်ကိုဟောစစ်ဆေးခြင်းများ ပြုလုပ်သည်ကိုလည်းမတွေ့ရှိရကြောင်း ခရီးသည်များထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~