တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ ဆယ္စုနွစ္နီးပါး ကျပႏုိင္ျခင္းမရိွသည့္ ၿမိတ္နဂါးအကကို ယခုႏွစ္တြင္ ျပန္လည္ကျပလာေၾကာင္း သိရသည္။
“အဓိကကေတာ႔ ဒီနဂါးအကက အရွင္ဥပဂုတၱမေထရ္ျမတ္ကို ပူေဇာ္ၿပီး ၿမိဳ႕ေပၚရပ္ကြက္မ်ားမွာရွိတဲ႕ ေနအိမ္မ်ားမွာ လိုက္လံကျပပါတယ္။ အိမ္ရွင္ေတြက ျပန္လည္လွဴဒါန္းတဲ႕ အလွဴေငြမ်ားကို လိုအပ္ေနတဲ႔ ေနရာေတြမွာ ျပန္လည္လွဴဒါန္းေပးတဲ႕ သေဘာပါျဖစ္တယ္”ဟု ၿမိတ္နဂါးအကကို စတင္ခဲ႔သူ ဦးေမာင္ေဇာ္က ဆိုသည္။
ၿမိတ္နဂါးအကမွာ ရွင္ဥပဂုတၱမေထရ္ပူေဇာ္ပြဲ က်င္းပရာတြင္ ကျပရာမွ ၁၉၉၆ ခုႏွစ္တြင္ စတင္လူသိမ်ား လာေသာ္လည္း အဖြဲ႕၀င္လူငယ္မ်ား ျပန္လည္စုစည္းမွဳ အားနည္းခဲ့သျဖင့္ ၂၀၀၆ ခုႏွစ္မွစ၍ ကျပႏုိင္ေတာ့ျခင္း မရိွေၾကာင္း သိရသည္။
ယခုႏွစ္တြင္ ၿမိတ္ၿမိဳ႕ ေနာက္လယ္ အမွတ္ (၁) ေဘာတံတားဆိပ္ခံလူငယ္မ်ားႏွင္႔ ကုန္တင္/ ခ် လူငယ္တို႔မွ ဦးေဆာင္ကာ ၿမိတ္နဂါးအကကို ျပန္လည္ကျပအလႈခံၿပီး ၿမိတ္ၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ ဘုရားေစတီပုထိုးမ်ားႏွင္႔ ခ်ိဳ႕တဲ႕ ေက်ာင္းမ်ားကို ေထာက္ပံ႔ကူညီ ျပန္လည္လွဴဒါန္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။
နဂါးအကသည္ အဖိုအမႏွစ္ေကာင္ကျပရၿပီး တစ္ေကာင္လွ်င္ လူငယ္ (၇) ဦးျဖင္႔ ကျပရေၾကာင္း သိရသည္။
သတင္း - ေဇာ္ေဇာ္
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆယ်စုနှစ်နီးပါး ကပြနိုင်ခြင်းမရှိသည့် မြိတ်နဂါးအကကို ယခုနှစ်တွင် ပြန်လည်ကပြလာကြောင်း သိရသည်။
“အဓိကကတော့ ဒီနဂါးအကက အရှင်ဥပဂုတ္တမထေရ်မြတ်ကို ပူဇော်ပြီး မြို့ပေါ်ရပ်ကွက်များမှာရှိတဲ့ နေအိမ်များမှာ လိုက်လံကပြပါတယ်။ အိမ်ရှင်တွေက ပြန်လည်လှူဒါန်းတဲ့ အလှူငွေများကို လိုအပ်နေတဲ့ နေရာတွေမှာ ပြန်လည်လှူဒါန်းပေးတဲ့ သဘောပါဖြစ်တယ်”ဟု မြိတ်နဂါးအကကို စတင်ခဲ့သူ ဦးမောင်ဇော်က ဆိုသည်။
မြိတ်နဂါးအကမှာ ရှင်ဥပဂုတ္တမထေရ်ပူဇော်ပွဲ ကျင်းပရာတွင် ကပြရာမှ ၁၉၉၆ ခုနှစ်တွင် စတင်လူသိများ လာသော်လည်း အဖွဲ့ဝင်လူငယ်များ ပြန်လည်စုစည်းမှု အားနည်းခဲ့သဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ကပြနိုင်တော့ခြင်း မရှိကြောင်း သိရသည်။
ယခုနှစ်တွင် မြိတ်မြို့ နောက်လယ် အမှတ် (၁) ဘောတံတားဆိပ်ခံလူငယ်များနှင့် ကုန်တင်/ ချ လူငယ်တို့မှ ဦးဆောင်ကာ မြိတ်နဂါးအကကို ပြန်လည်ကပြအလှုခံပြီး မြိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် ချို့တဲ့ ကျောင်းများကို ထောက်ပံ့ကူညီ ပြန်လည်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
နဂါးအကသည် အဖိုအမနှစ်ကောင်ကပြရပြီး တစ်ကောင်လျှင် လူငယ် (၇) ဦးဖြင့် ကပြရကြောင်း သိရသည်။
သတင်း - ဇော်ဇော်