ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် တာလေမြို့တွင် ကျိုင်းလပ်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တာလေဘက်သို့ မောင်းနှင်လာသည့် ကားတို့ တိုက်မိသဖြင့် ဆိုင်ကယ်စီးသူ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မောင်တော်ယာဉ်မောင်း တာချီလိတ်တွင် နေထိုင်သူ နေမျိုးဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ကရင်တို့အား တာလေမြို့မနယ်မြေရဲစခန်းတွင် ယာဉ် အမှတ် ၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့်အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ - ကိုညိမ်း
တာလေမှ ကျိုင်းလပ်ဘက်သို့ ကိုကရင်မောင်းနှင်လာပြီး အောင်သူဝင်းစီးနင်းလာသည့် ဆိုင်ကယ်နှင့် ကျိုင်းလပ်မှ တာလေဘက်သို့ နေမျိုးဦး မောင်းနှင်လာသည့် ကားတို့ ဒီဇင်ဘာလ (၁၅) ရက်က မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ကိုကရင်မှာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း ဒဏ်ရာများရသွားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မောင်တော်ယာဉ်မောင်း တာချီလိတ်တွင် နေထိုင်သူ နေမျိုးဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ကရင်တို့အား တာလမြေို့မနယ်မြေရဲစခန်းတွင် ယာဉ် အမှတ် ၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့်အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ - ကိုညိမ်း