မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စမုံရေထိန်းဆည်မှ ဆည်ဘောင်မကျိုးစေရန် ရေလွှတ်ထားသဖြင့် စမုံချောင်းဘေးရှိ ကိုင်းရွာသစ် ကျေးရွာမှ အိမ်ခြေ (၁၅၀)ခန့်တွင် ရေသုံးပေခန့်အထိ တက်နေကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မှုကြောင့် စမုံချောင်းဘေးမှ သီနှံခင်းများ ရေနစ်မြုပ်နေပြီး စပါးစိုက်ခင်း အများဆုံး ဖစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုလင်း
“ရေတွေဝင်လာတာ လေးငါးရက်ရှိပြီ။ ပြန်ကျမလိုဖြစ်လိုက် မိုးရွာတော့ ပြန်တိုးလိုက်နဲ့ပေါ့။ မြင့်တဲ့ အိမ်တွေက လူတွေက အိမ်ပေါ်တက်နေလို့ရတယ်။ မြေစိုက်အိမ်တွေကတော့ ရေလွတ်ရာရှာနေရတာပေါ့။ တိရိစာ္ဆန်တွေက မြေပေါ်ထားတာဆိုတော့ ရေလွတ်ရာပြောင်းပေးနေရတယ်။ ဒုက္ခရောက်တာပေါ့ဗျာ”ဟု ဒေသခံကိုမောင်မောင်က ပြောသည်။
ကျွဲနွားတိရစ္ဆာန်များအား ရေလွတ်ရာ အသုံးမပြုရသေးသည့် ရန်ကုန် - မန္တလေးမြေသားလမ်း ပေါ်တွင် ရွှေ့ပြောင်းထားရကြောင်း သိရသည်။
“မီးသတ်တို့ ရဲတို့အုပ်ချုပ်ရေးပိုင်းတွေ ပူးပေါင်းပြီး ကူညီပေးနေပါတယ်။ စမုံဆည်တာဝန်ခံကို ပြောပြတော့ ဆည်ဘောင်ကျိုးရင် ဒီထက်ပိုဒုက္ခရောက်မှာ။ မိုးများနေတော့ ရေဆက်ထိန်းဖို့ခက်တယ်။ ရေထိန်းနိုင်တဲ့ အခြေအနေအထိ သည်းခံပေးပါလို့ အကြောင်းပြန်တယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးက ပြောသည်။
ရကြေီးနစ်မြုပ်မှုကြောင့် စမုံချောင်းဘေးမှ သီနှံခင်းများ ရေနစ်မြုပ်နပြေီး စပါးစိုက်ခင်း အများဆုံး ဖစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုလင်း