ဝမ်းတွင်းမြို့နယ် ရန်ကုန် - မန္တလေးလမ်း မိုင်တိုင် ၃၆၆/၅ ဒိုင်ကောင်းကုန်းကျေးရွာ အနီးတွင် နိုဝင်ဘာလ (၁၃) ရက် နံနက် (၄)နာရီဝန်းကျင်က (၂၂)ဘီးတွဲကားကို (၁၂)ဘီးကားက နောက်မှ ဝင်တိုက်မိ၍ (၁၂)ဘီးကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးသွားကြောင်း သိရသည်။
သတင်း - ကိုလင်း
“ဘီးတွဲကားကို ဝင်တိုက်လိုက်တာ ရှေ့ခေါင်းပိုင်းတခုလုံး ကြေမွပြီး နောက်ကိုပြားသွားတယ်။ ရှေ့ခေါင်းထဲက ယာဉ်မောင်းနဲ့ စပယ်ယာညှပ်နေတာ အတော်ထုတ်ယူရတယ်။ ယာဉ်မောင်းကတော့ နေရာတင် သေဆုံးတယ်။ စပယ်ယာကို ဝမ်းတွင်းဆေးရုံပို့လိုက်ပါတယ်” ဟု ဒိုင်ကောင်းကုန်းရွာခံတစ်ဦးက ပြောသည်။
စပယ်ယာမှာ ဝမ်းတွင်းဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
“မနက်လင်းခါနီးဆိုတော့ အိပ်ငိုက်သွားတယ်လို့ယူဆရတာပါပဲ”ဟု ရဲအုပ်တင်ထွန်းအောင်က ပြောသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ (၁၂)ဘီးယာဉ်မောင်းအား ဝမ်းတွင်းမြို့မရဲစခန်းတွင် (ပ) ၁၇/၂၀၁၆ ပုဒ်မ၃၀၄(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ကိုလင်း