တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ပွဲကြည့်စင်များ ထည့်သွင်းတည်ဆောက်မှုကို ဒေသခံများ ကန့်ကွက်လိုက်သဖြင့် မူလဆောက်လုပ်ရန် လျာထားသည့် အခန်းအရေအတွက်မှ (၈၅)ခန်းအား နိုဝင်ဘာလ (၂) ရက်နေ့ နေ့လယ်ပိုင်းက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ပွဲကြည့်စင်ဆောက်လုပ်ရန် လေလံရသော ချယ်ရီကွင်း ကုမ္ပဏီအနေဖြင့် ပွဲကြည့်စင်နှင့် ရေချိုးခန်း၊ အိမ်သာများ ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ် ကျပ်သိန်း (၆၀၀) ၀န်းကျင်ခန့်မှန်းထားပြီး၊ လက်ရှိတွင် ကျပ်သိန်း(၃၀၀) နီးပါးခန့် ကုန်ကျထားပြီးဖြစ်ကြောင်း သိရသည်။
ပွဲကြည့်စင် (၅)တန်းအတွင်း (၁၀)ပေပတ်လည် အခန်းပေါင်း (၁၆၀)ခန့် ပါဝင်မည်ဖြစ်သော်လည်း လက်ရှိတွင် (၈၅)ခန်းအား ဖျက်သိမ်းလိုက်ပြီး ကျန်အခန်းအချို့ကို ကုမ္ပဏီဝန်ထမ်းများ ညအိပ်ရန်နှင့် ပွဲကြည့်ရန် ချန်ထားမည်ဖြစ်ကြောင်း သိရသည်။
ပွဲကြည့်စင်ဆောက်လုပ်ရန် လေလံရသော ချယ်ရီကွင်း ကုမ္ပဏီအနဖြေင့် ပွဲကြည့်စင်နှင့် ရေချိူးခန်း၊ အိမ်သာများ ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ် ကျပ်သိန်း (၆၀၀) ဝန်းကျင်ခန့်မှန်းထားပြီး၊ လက်ရှိတွင် ကျပ်သိန်း(၃၀၀) နီးပါးခန့် ကုန်ကျထားပြီးဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာလ ( ၆ ) ရက်နေ့မှ (၁၅)ရက်နေ့ အထိ ကျင်းပမည်ဖြစ်သည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်