မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕ စက္မွဳကြက္သစ္ရပ္ကြက္ရွိ ေနအိမ္တစ္အိမ္တြင္ ဖဲဝိုင္း ျပဳလုပ္ေနေၾကာင္း သတင္းအရ ႏိုဝင္ဘာလ (၁၁) ရက္ေန႔ ညေန(၄)နာရီက ၀င္ေရာက္ရွာေဖြရာမွ ေလာင္းကစားျပဳလုပ္သူ (၅)ဦးအား ေလာင္းေၾကးေငြ အခ်ိဳ႕နွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။
“မနက္ပိုင္းေစ်းေရာင္း ပ်ံက်အလုပ္ လုပ္ၿပီး ေန႔လယ္ပုိင္းမွာ အမ်ိဳးသမီးေတြစုၿပီး ပုိကာဆြဲတဲ့ ေလာင္းကစား လုပ္ၾကတာ ထင္ပါတယ္။ အခုလုိ အဖမ္းခံရေတာ့ ေနာက္ပုိင္းက မိသားစုေတြကေတာ့ ပူပန္ကုန္တာေပါ့”ဟု အဆိုပါ ရပ္ကြက္တြင္္ ေနထုိင္သူတစ္ဦးက ေျပာသည္။
အဆိုပါ ေနအိမ္အား ရွာေဖြဖမ္းဆီးခြင့္ဝရမ္းျဖင့္ ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသမီး(၄)ဦးႏွင့္ အမ်ိဳးသား တစ္ဦးတို႔အား ေလာင္းကစားျပဳလုပ္ေနသည့္ ဖဲခ်ပ္မ်ားႏွင့္ ေလာင္းေၾကးေငြက်ပ္ (၄၀၈၀၀)ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
“အပ်င္းေျပကစားၾကတာဆိုေပမဲ့ ဥပေဒအရ ေလာင္းကစား ျဖစ္ေနတယ္ဗ်ာ။ အဆိုရွိတယ္ေလ။ ဥပေဒကုိ နားမလည္ဘူးဆိုရံုမ်ွနဲ႔ ဥပေဒက သင႔္ကုိခြင့္လႊတ္လိမ့္မည္မဟုတ္တဲ့။ စိတ္မေကာင္းေတာ့ျဖစ္ရပါတယ္ဗ်ာ”ဟု ဒုရဲအုပ္ေဇယ်ာမိုးျမင့္က ေျပာသည္။
လက္ရိွတြင္ အဆိုပါ ငါးဦးအား ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၁၃/၂၀၁၆ တရားမဝင္ ေလာင္းကစားျပဳလုပ္ေသာ ျပစ္မွဳပုဒ္မ ၁၃(က)၊ ၁၄ (က) တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ကိုလင္း
“မနက်ပိုင်းဈေးရောင်း ပျံကျအလုပ် လုပ်ပြီး နေ့လယ်ပိုင်းမှာ အမျိုးသမီးတွေစုပြီး ပိုကာဆွဲတဲ့ လောင်းကစား လုပ်ကြတာ ထင်ပါတယ်။ အခုလို အဖမ်းခံရတော့ နောက်ပိုင်းက မိသားစုတွေကတော့ ပူပန်ကုန်တာပေါ့”ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ နေအိမ်အား ရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ အမျိုးသမီး(၄)ဦးနှင့် အမျိုးသား တစ်ဦးတို့အား လောင်းကစားပြုလုပ်နေသည့် ဖဲချပ်များနှင့် လောင်းကြေးငွေကျပ် (၄၀၈၀၀)နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
“အပျင်းပြေကစားကြတာဆိုပေမဲ့ ဥပဒေအရ လောင်းကစား ဖြစ်နေတယ်ဗျာ။ အဆိုရှိတယ်လေ။ ဥပဒေကို နားမလည်ဘူးဆိုရုံမျှနဲ့ ဥပဒေက သင့်ကိုခွင့်လွှတ်လိမ့်မည်မဟုတ်တဲ့။ စိတ်မကောင်းတော့ဖြစ်ရပါတယ်ဗျာ”ဟု ဒုရဲအုပ်ဇေယျာမိုးမြင့်က ပြောသည်။
လက်ရှိတွင် အဆိုပါ ငါးဦးအား ဝမ်းတွင်းမြို့မရဲစခန်းတွင် (ပ) ၂၁၃/၂၀၁၆ တရားမဝင် လောင်းကစားပြုလုပ်သော ပြစ်မှုပုဒ်မ ၁၃(က)၊ ၁၄ (က) တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ကိုလင်း