စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕ ကံသာဦးရပ္ကြက္၌ ျဖစ္ပြားခဲ႔ေသာ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ က်ဴးလြန္သူကို ဖမ္းဆီးရမိၿပီး စစ္ေဆးေတြ႕ရိွခ်က္အရ လူသတ္မႈမွာ မူးယစ္ေဆးဝါးေရာင္းဝယ္မႈႏွင့္ ဆက္စပ္ဖြယ္ရိွသည္ဟု ရဲတပ္ဖြဲ႕က ေျပာၾကားလိုက္သည္။
"တရားခံက လင္မယားႏွစ္ေယာက္ကို တၿပိဳင္တည္းသတ္ထားၿပီး ဆိုင္ကယ္နဲ႔ မႏၲေလးၿမိဳ႕ဘက္က အမရပူရဆီ ေရွာင္ေျပးတယ္။ သတ္တဲ႔သူနဲ႔ အသတ္ခံရတဲ႔ လင္မယားနွစ္ေယာက္ကလည္း မူးယစ္ေဆးဝါး ေရာင္းဝယ္သူေတြခ်ည္းပဲ။ ဒါေၾကာင့္ ဒီလူသတ္မႈက သူတို႔ခ်င္း မူးယစ္ေဆးဝါး အေရာင္းဝယ္ကိစၥေတြနဲ႔ ေငြေၾကးကိစၥေတြေၾကာင့္လို႔ ယူဆရပါတယ္။ အခု တရားခံကို ကၽြန္ေတာ္တို႔ စစ္ကိုင္းတိုင္း မႈခင္းအကူ တပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီး စစ္ကိုင္းၿမိဳ႕အဝင္ ႏွာဝဂိတ္ကေန ဖမ္းဆီးတာပါ"ဟု မံုရြာၿမိဳ႕ နယ္ေျမရဲစခန္းမွ တာဝန္မႈး ဒုတပ္ၾကပ္ထိန္လင္းက Tachileik News Agency သို႔ ေျပာသည္။
အဆိုပါ လူသတ္မႈက်ဴးလြန္ခဲ႔သည့္ တရားခံမွာ မံုရြာၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ နယ္ေျမ (၅) တြင္ ေနထိုင္ေသာ ေကာင္းခန္႔ေသာ္ဆိုသူျဖစ္ၿပီး ေအာက္တိုဘာလ(၂၇)ရက္ေန႔က လူသတ္မႈက်ဴးလြန္၍ ထြက္ေျပးလြတ္ေျမာက္ေနရာမွ နိုဝင္ဘာလ (၂) ရက္ေန႔ မနက္ (၆)နာရီအခ်ိန္၌ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။
ရဲစခန္းတြင္ ထြက္ဆိုခ်က္အရ ၎သည္ ၂၀၁၅ ခုႏွစ္ေအာက္တိုဘာလမွစ၍ ၂၀၁၆ ခုႏွစ္ မတ္လအထိ အသတ္ခံရ သူလင္မယားထံမွ တဆင့္ မူးယစ္ေဆးဝါးျဖန္႔ျဖဴးေရာင္းခ်သည့္ လုပ္ငန္း အတူတြဲလုပ္ခဲ့ၿပီး အဆင္မေျပသျဖင့္ တျခားတေနရာဆီမွ ပစၥည္းတဆင့္ ေျပာင္းလဲယူကာ ျဖန္႔ျဖဴးေရာင္းခ်ေနရာ အဆိုပါ လင္မယားက ၎မွာမူးယစ္ေဆးသံုးစြဲသူျဖစ္ေၾကာင္း ဇနီးျဖစ္သူအားေျပာသျဖင့္ ရန္ၿငိဳးထားခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။
အခင္းျဖစ္သည့္ ေအာက္တိုဘာလ (၂၇) ရက္ မနက္ (၅) နာရီအခ်ိန္က က်ဴးလြန္သူသည္ အရိုးအသြား တစ္ေပခြဲခန္႔ရိွ ဓါးအား ကိုင္ေဆာင္လ်ွက္ အသတ္ခံရသည့္ လင္မယား၏ အိပ္ခန္းအတြင္း ဝင္ေရာက္ၿပီး ေယာက်္ားျဖစ္သူအား ဓါးျဖင့္ခုတ္စဥ္ ဇနီးျဖစ္သူႏိုးလာၿပီး ေအာ္ဟစ္သျဖင့္ ႏွစ္ဦးလံုးအား သတ္ခဲ့ျခင္း ျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။
ယင္းေနာက္ အခန္းတြင္းမွ ေငြသား (၁၂) သိန္းေက်ာ္၊ လက္ေကာက္ (၂) ကြင္း၊ လက္စြပ္ (၁) ကြင္းႏွင့္ ဆြဲသီးတစ္ခုကို ယူေဆာင္ကာ အသတ္ခံရသူ လင္မယား၏ ဆိုင္ကယ္ကို စီး၍ ၎၏ ေနအိမ္သို႔ျပန္လာျပီး အသံုးျပဳခဲ့သည့္ ဓါးအား ေဖ်ာက္ဖ်က္ၿပီး မႏၲေလးၿမိဳ႕အနီး အမရပူရဘက္သို႔ ထြက္ေျပးခဲ႔ေၾကာင္း ထြက္ဆိုခ်က္အရ သိရသည္။
အဆိုပါ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈႏွင့္ပတ္သတ္၍ ကံသာဦးရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္လင္းက တရားလိုျပဳလုပ္ကာ မံုရြာၿမိဳ႕နယ္ေျမရဲစခန္းတြင္ (ပ) ၇၅၃ /၂၀၁၆ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
သတင္း - ရန္ႏိုင္စိုး
"တရားခံက လင်မယားနှစ်ယောက်ကို တပြိုင်တည်းသတ်ထားပြီး ဆိုင်ကယ်နဲ့ မန္တလေးမြို့ဘက်က အမရပူရဆီ ရှောင်ပြေးတယ်။ သတ်တဲ့သူနဲ့ အသတ်ခံရတဲ့ လင်မယားနှစ်ယောက်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေချည်းပဲ။ ဒါကြောင့် ဒီလူသတ်မှုက သူတို့ချင်း မူးယစ်ဆေးဝါး အရောင်းဝယ်ကိစ္စတွေနဲ့ ငွေကြေးကိစ္စတွေကြောင့်လို့ ယူဆရပါတယ်။ အခု တရားခံကို ကျွန်တော်တို့ စစ်ကိုင်းတိုင်း မှုခင်းအကူ တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ကိုင်းမြို့အဝင် နှာဝဂိတ်ကနေ ဖမ်းဆီးတာပါ"ဟု မုံရွာမြို့ နယ်မြေရဲစခန်းမှ တာဝန်မှုး ဒုတပ်ကြပ်ထိန်လင်းက Tachileik News Agency သို့ ပြောသည်။
အဆိုပါ လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံမှာ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် နယ်မြေ (၅) တွင် နေထိုင်သော ကောင်းခန့်သော်ဆိုသူဖြစ်ပြီး အောက်တိုဘာလ(၂၇)ရက်နေ့က လူသတ်မှုကျူးလွန်၍ ထွက်ပြေးလွတ်မြောက်နေရာမှ နိုဝင်ဘာလ (၂) ရက်နေ့ မနက် (၆)နာရီအချိန်၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ရဲစခန်းတွင် ထွက်ဆိုချက်အရ၎င်းသည် ၂၀၁၅ ခုနှစ်အောက်တိုဘာလမှစ၍ ၂၀၁၆ ခုနှစ် မတ်လအထိ အသတ်ခံရ သူလင်မယားထံမှ တဆင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း အတူတွဲလုပ်ခဲ့ပြီး အဆင်မပြေသဖြင့် တခြားတနေရာဆီမှ ပစ္စည်းတဆင့် ပြောင်းလဲယူကာ ဖြန့်ဖြူးရောင်းချနေရာ အဆိုပါ လင်မယားက၎င်းမှာမူးယစ်ဆေးသုံးစွဲသူဖြစ်ကြောင်း ဇနီးဖြစ်သူအားပြောသဖြင့် ရန်ငြိုးထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အခင်းဖြစ်သည့် အောက်တိုဘာလ (၂၇) ရက် မနက် (၅) နာရီအချိန်က ကျူးလွန်သူသည် အရိုးအသွား တစ်ပေခွဲခန့်ရှိ ဓားအား ကိုင်ဆောင်လျှက် အသတ်ခံရသည့် လင်မယား၏ အိပ်ခန်းအတွင်း ဝင်ရောက်ပြီး ယောကျာ်းဖြစ်သူအား ဓားဖြင့်ခုတ်စဉ် ဇနီးဖြစ်သူနိုးလာပြီး အော်ဟစ်သဖြင့် နှစ်ဦးလုံးအား သတ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။
ယင်းနောက် အခန်းတွင်းမှ ငွေသား (၁၂) သိန်းကျော်၊ လက်ကောက် (၂) ကွင်း၊ လက်စွပ် (၁) ကွင်းနှင့် ဆွဲသီးတစ်ခုကို ယူဆောင်ကာ အသတ်ခံရသူ လင်မယား၏ ဆိုင်ကယ်ကို စီး၍၎င်း၏ နေအိမ်သို့ပြန်လာပြီး အသုံးပြုခဲ့သည့် ဓားအား ဖျောက်ဖျက်ပြီး မန္တလေးမြို့အနီး အမရပူရဘက်သို့ ထွက်ပြေးခဲ့ကြောင်း ထွက်ဆိုချက်အရ သိရသည်။
အဆိုပါ နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သတ်၍ ကံသာဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက တရားလိုပြုလုပ်ကာ မုံရွာမြို့နယ်မြေရဲစခန်းတွင် (ပ) ၇၅၃ /၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး