တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းအုပ္စု ေဟြရဲေက်းရြာ ေအာင္မဂၤလာဘုန္းေတာ္ႀကီးသင္ စာသင္ ေက်ာင္းမွ အသက္(၁၂)ႏွစ္ရွိ မိန္းကေလးငယ္ တစ္ဦးအား ဘုန္းႀကီးေက်ာင္းတြင္ ယာဥ္ေမာင္းသူက အဓမၼျပဳက်င့္ခဲ့သည့္ အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ႏိုဝင္ဘာလ (၄) ရက္က အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
အဆုိပါ မိန္းကေလးငယ္၏ က်န္းမာေရး အေျခအေနပံုမွန္ မဟုတ္သျဖင့္ အတန္းပိုင္ဆရာမ ျဖစ္သူက အျခား ဆရာမတစ္ဦး၏ အကူအညီျဖင့္ ေမးျမန္းရာမွ အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ယာဥ္ေမာင္း ေနသူ အသက္(၅၄)ႏွစ္ရွိ ေဌးဝင္း (ခ) ေဌးဝင္းဦးက အဆိုပါ မိန္းကေလးငယ္အား လြန္ခဲ့သည့္ ႏွစ္လခန္႔ ကတည္းက အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရိွခဲ့ရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ တုိင္တန္းလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
"မိဘမဲ့ေနရာတို႔ အခုလို ဘုန္းႀကီးေက်ာင္းတို႔မွ ေသာက္စားတတ္တဲ့ သူေတြကို မထားဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္၊ ကြ်န္ေတာ္တို႔လည္း ၾကားေနပါတယ္၊ ကေလးေတြကို ၿခိမ္းေျခာက္တာေတြ လုပ္တယ္လို႔လည္း ၾကားရတယ္၊ တစ္ခါတေလ ကားေမာင္းရင္လည္း မူးေနတယ္လို႔ သိရတယ္၊ အခု ကိစၥကို ၾကားလိုက္ရေတာ့ ကေလးမေလးအတြက္ တကယ္ကို စိတ္မေကာင္းပါဘူး၊ ဒီလိုျဖစ္စဥ္မ်ဳိးေတြ ဘယ္ေနရာမွာမွ မျဖစ္ဖို႔ အားလံုးအေပၚမွာ တာ၀န္ရွိပါတယ္"ဟု ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးက Tachileik News Agency သို႔ ေျပာသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္း ေဌးဝင္း(ခ)ေဌးဝင္းဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ႏိုဝင္ဘာလ(၄) ရက္ေန႔က (ပ) ၂၀၉/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၆၃/၃၇၆ ျဖင့္ အမႈဖြင့္လွစ္ထားရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ထိန္လင္းက အမႈစစ္အျဖစ္ ေဆာင္ရြက္ကာ စစ္ေဆးေနလွ်က္ရွိေၾကာင္း သိရွိရသည္။
အဆိုပါ မိန်းကလေးငယ်၏ ကျန်းမာရေး အခြေအနေပုံမှန် မဟုတ်သဖြင့် အတန်းပိုင်ဆရာမ ဖြစ်သူက အခြား ဆရာမတစ်ဦး၏ အကူအညီဖြင့် မေးမြန်းရာမှ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ယာဉ်မောင်း နေသူ အသက်(၅၄)နှစ်ရှိ ဌေးဝင်း (ခ) ဌေးဝင်းဦးက အဆိုပါ မိန်းကလေးငယ်အား လွန်ခဲ့သည့် နှစ်လခန့် ကတည်းက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိခဲ့ရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
"မိဘမဲ့နေရာတို့ အခုလို ဘုန်းကြီးကျောင်းတို့မှ သောက်စားတတ်တဲ့ သူတွေကို မထားဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ ကျွန်တော်တို့လည်း ကြားနေပါတယ်၊ ကလေးတွေကို ခြိမ်းခြောက်တာတွေ လုပ်တယ်လို့လည်း ကြားရတယ်၊ တစ်ခါတလေ ကားမောင်းရင်လည်း မူးနေတယ်လို့ သိရတယ်၊ အခု ကိစ္စကို ကြားလိုက်ရတော့ ကလေးမလေးအတွက် တကယ်ကို စိတ်မကောင်းပါဘူး၊ ဒီလိုဖြစ်စဉ်မျိုးတွေ ဘယ်နေရာမှာမှ မဖြစ်ဖို့ အားလုံးအပေါ်မှာ တာဝန်ရှိပါတယ်"ဟု မြို့မိမြို့ဖတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဌေးဝင်း(ခ)ဌေးဝင်းဦးအား တာချီလိတ်မြို့မရဲစခန်းတွင် နိုဝင်ဘာလ(၄) ရက်နေ့က (ပ) ၂၀၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထိန်လင်းက အမှုစစ်အဖြစ် ဆောင်ရွက်ကာ စစ်ဆေးနေလျှက်ရှိကြောင်း သိရှိရသည်။