တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္ အားေခရြာရွိ အိမ္တစ္အိမ္တြင္ အနံ႔အသက္ဆိုးမ်ား ထြက္ေနေၾကာင္း သတင္းေပး တုိင္ၾကားခ်က္အရ တာဝန္ရိွသူမ်ား သြားေရာက္စစ္ေဆးရာ တရုတ္ႏိုင္ငံသားႏွစ္ဦး ေမြးျမဴထားသည့္ လိပ္ၾကက္တူေရြး(၈၅၃)ေကာင္အား စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
သတင္းအရ အားေခးရြာမွေနအိမ္သို႔ ႏို၀င္ဘာလ(၂)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပံုတင္ဦးစီးဌာနမွာ တာဝန္ရိွ သူမ်ား၊ ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၊ ျပည္သူ႔စစ္အဖြဲ႕တို႔မွ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးရာ FRC No.1 –YGN-41660 ကိုင္ေဆာင္သူ Mr.D Guoqiang (Passport No. E-42523300) (၂၆/၂၀၁၆) ႏွင့္ FRC No.1-YGN-41660 ကိုင္ေဆာင္သူ Mrs.Lipeixin ( Passport No. E 72273391) (၂၀/၂၀၁၆)တို႔ ႏွစ္ဦးအား တရားမဝင္ ေမြးျမဴထားသည့္ လိပ္ၾကက္တူေရြးမ်ားအား ေတြ႔ရိွရသျဖင့္ အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ဖမ္းဆီးရမိေသာ လိပ္ၾကက္တူေရြးမ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနရံုးတြင္ ထိန္းသိမ္း ေစာင့္ေရွာက္ထားၿပီး ေဘးမဲ့ျပန္လည္လႊတ္ေပးသြားရန္ စီစဥ္ေနေၾကာင္း သိရသည္။
ေတာရိုင္းတိရစၦာန္မ်ားအား တရားမဝင္ ေမြးျမဴထားသည့္ တရုတ္ႏိုင္ငံသားနွစ္ဦးအား ေတာရိုင္း တိရစၦာန္ႏွင့္ သဘာဝပင္မ်ားကာကြယ္ေရး သဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒပုဒ္မ ၃၇(က)ျဖင့္ အမႈဖြင့္ အေရးယူႏုိင္ရန္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင်းအရ အားခေးရွာမှနေအိမ်သို့ နိုဝင်ဘာလ(၂)ရက်နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှာ တာဝန်ရှိ သူများ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာ FRC No.1 –YGN-41660 ကိုင်ဆောင်သူ Mr.D Guoqiang (Passport No. E-42523300) (၂၆/၂၀၁၆) နှင့် FRC No.1-YGN-41660 ကိုင်ဆောင်သူ Mrs.Lipeixin ( Passport No. E 72273391) (၂၀/၂၀၁၆)တို့ နှစ်ဦးအား တရားမဝင် မွေးမြူထားသည့် လိပ်ကြက်တူရွေးများအား တွေ့ရှိရသဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဖမ်းဆီးရမိသော လိပ်ကြက်တူရွေးများအား တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနရုံးတွင် ထိန်းသိမ်း စောင့်ရှောက်ထားပြီး ဘေးမဲ့ပြန်လည်လွှတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
တောရိုင်းတိရစ္ဆာန်များအား တရားမဝင် မွေးမြူထားသည့် တရုတ်နိုင်ငံသားနှစ်ဦးအား တောရိုင်း တိရစ္ဆာန်နှင့် သဘာဝပင်များကာကွယ်ရေး သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့် အရေးယူနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက ဆောင်ရွက်နေကြောင်း သိရသည်။