မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှကျေးရွာရှိ နေအိမ်တစ်အိမ်အား အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ (၄) နာရီဝန်းကျင်က ဝင်ရောက်ရှာဖွေရာ ချဲထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ (၆၃,၀၀၀)အား သိမ်းဆည်းရမိကြောင်း ပင်းတလဲစခန်းမှူး ရဲအုပ်ညွန့်လှိုင်ထံမှ သိရသည်။
သတင်း - ကိုလင်း
“စားဝတ်နေရေးမပြေလည်လို့ ပြေလည်အောင်လုပ်လိုက်တာက တရားမဝင်လောင်းကစားဆိုတော့ ပိုဒုက္ခ ရောက်သွားတာပေါ့။ လောင်းကြေးငွေကတော့ မများပါဘူး”ဟု ဒေသခံဦးအောင်မြက ပြောသည်။
လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ ရှာဖွေတွေ့ရှိခဲ့သည့် အိမ်ရှင်ဖြစ်သူအား ပင်းတလဲရဲစခန်းတွင် (ပ)၄၀/၂၀၁၆ တရားမဝင်လောင်းကစားပြုလုပ်သော ဥပဒေပုဒ်မ ၁၅(က)/၁၆(က)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ကိုလင်း