လစ္လပ္မဲဆႏၵနယ္ (၁၈)ေနရာတြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ားအား ၂၀၁၇ ခုႏွစ္ ဧၿပီလ (၁) ရက္၌ က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ (၁၁) ရက္တြင္ ေၾကညာလိုက္သည္။
၂၀၁၀ ေရြးေကာက္ပြဲကာလက ေရြးေကာက္ခံ ကိုယ္စားလွယ္ေနရာမ်ားအနက္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၉)ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ (၃)ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ (၆)ေနရာတို႔အတြက္ လစ္လပ္ေနသျဖင့္ ၾကားျဖတ္ေရြးေကာက္ပြဲျဖင့္ ကိုယ္စားလွယ္မ်ားကို ျပန္လည္ေရြးခ်ယ္မည္ျဖစ္သည္။
ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပမည့္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္မ်ားမွာ စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕နယ္၊ ေခ်ာင္းဆံုၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္၊ ရန္ကုန္တုိင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္၊ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ ေကာ့မွဴးၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ ေက်းသီးၿမိဳ႕နယ္ႏွင့္ မိုင္းရႈးၿမိဳ႕နယ္တို႔ျဖစ္သည္။
အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္မ်ားျဖစ္သည့္ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္အမွတ္(၃) ထန္တလန္ၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၄) ေက်ာက္တံခါးႏွင့္ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးအမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၆) ကမာရြတ္၊ ၾကည့္ျမင္တိုင္၊ ဆိပ္ကမ္း၊ လသာ၊ လိႈင္၊ လမ္းမေတာ္ႏွင့္ အလံုၿမိဳ႕နယ္မ်ားတြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား က်င္းပမည္ျဖစ္သည္။
လစ္လပ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာမ်ားအတြက္ ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ က်ဳိင္းတံုၿမိဳ႕နယ္၊ ေက်းသီးၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ (၁)ႏွင့္ (၂)၊ မိုင္းရႈးၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ (၁)ႏွင့္ (၂)တို႔တြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား က်င္းပမည္ျဖစ္သည္။
၂၀၁၀ ရွေးကောက်ပွဲကာလက ရွေးကောက်ခံ ကိုယ်စားလှယ်နေရာများအနက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၉)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၃)နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၆)နေရာတို့အတွက် လစ်လပ်နေသဖြင့် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကော့မှူးမြို့နယ်၊ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်နှင့် မိုင်းရှုးမြို့နယ်တို့ဖြစ်သည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ်(၃) ထန်တလန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၄) ကျောက်တံခါးနှင့် ညောင်လေးပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်နှင့် အလုံမြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။
လစ်လပ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ ကျေးသီးမြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)နှင့် (၂)၊ မိုင်းရှုးမြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)နှင့် (၂)တို့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။