ကယားျပည္နယ္ ေဘာလခဲခရိုင္ မယ္စဲ႔ၿမိဳ႕နယ္တြင္ ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းကို ေအာက္တိုဘာလ (၂၇)ရက္ေန႔က တရားဝင္စတင္ ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။
"နယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္တာဆိုေတာ့ အကုန္ေပါ့။ ဂိတ္ေတြေရာ ဖြင့္သြားမွာပါ။ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ အတြက္ရယ္၊ ခရီးသြားလုပ္ငန္းေတြ အတြက္ေပါ့။ ပိုေကာင္း လာမွာပါ။ ၿပီးေတာ့ ျပည္နယ္သားေတြလည္း အလြယ္တကူ သြားလာလို႔ရၿပီေပါ့ ။ အရင္ကဆို ကုန္သြယ္မႈကေတာ့ ရွိေနတယ္ တရားဝင္ မဟုတ္ဘူး။ ခုက တရားဝင္ လုပ္လို႔ရသြားျပီေပါ့ " ဟု မယ္စဲ့ျမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက Tachileik News Agency သို႔ ေျပာသည္။
ထိုင္း - ကယားနယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္လွစ္လိုက္သျဖင့့္ ထိုင္းႏိုင္ငံမွ ခရီးသြားမ်ား မယ္ေဟာင္ေဆာင္မွ ကယားျပည္နယ္ကို တိုက္ရုိက္ ဝင္ေရာက္ႏိုင္မွာ ျဖစ္သည့္အျပင္ ကယားျပည္နယ္ ထြက္ကုန္မ်ား ျဖစ္သည့္ ၾကက္သြန္ျဖဴ၊ ငရုတ္၊ ႏွမ္း၊ ေျပာင္းစသည့္ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားလည္း တရားဝင္ တင္ပို႔ႏုိင္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
"နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်တာဆိုတော့ အကုန်ပေါ့။ ဂိတ်တွေရော ဖွင့်သွားမှာပါ။ နှစ်နိုင်ငံ ကုန်သွယ်မှု အတွက်ရယ်၊ ခရီးသွားလုပ်ငန်းတွေ အတွက်ပေါ့။ ပိုကောင်း လာမှာပါ။ ပြီးတော့ ပြည်နယ်သားတွေလည်း အလွယ်တကူ သွားလာလို့ရပြီပေါ့။ အရင်ကဆို ကုန်သွယ်မှုကတော့ ရှိနေတယ် တရားဝင် မဟုတ်ဘူး။ ခုက တရားဝင် လုပ်လို့ရသွားပြီပေါ့ " ဟု မယ်စဲ့မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက Tachileik News Agency သို့ ပြောသည်။
ထိုင်း - ကယားနယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်လိုက်သဖြင့် ထိုင်းနိုင်ငံမှ ခရီးသွားများ မယ်ဟောင်ဆောင်မှ ကယားပြည်နယ်ကို တိုက်ရိုက် ဝင်ရောက်နိုင်မှာ ဖြစ်သည့်အပြင် ကယားပြည်နယ် ထွက်ကုန်များ ဖြစ်သည့် ကြက်သွန်ဖြူ၊ ငရုတ်၊ နှမ်း၊ ပြောင်းစသည့် စိုက်ပျိုးရေးထွက်ကုန်များလည်း တရားဝင် တင်ပို့နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း