ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံသည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအတွင်းရှိ အစိုးရရုံးများ( ဌာနဆိုင်ရာ )နှင့် စာသင်ကျောင်းများ အားလုံး ထိုင်းနိုင်ငံ၏ နိုင်ငံတော်အလံအား ရက်(၃၀)တိတိ ထက်ဝက်ချ၍ လွှင့်ထူရန် ထိုင်းအစိုးရမှ အောက်တိုဘာလ(၁၃)ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ( Bhumibol Adulyadej )သည် ထိုင်းနိုင်ငံ စီရိရတ်ဆေးရုံတွင် ဆေးဝါကုသမှုခံယူနေရာမှ ၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ နေ့လယ် (၃)နာရီ (၅၂)မိနစ်အချိန်က နတ်ရွာစံသွားခဲ့ခြင်း ဖြစ်သည်။