ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ တန်ဆောင်တိုင် မီးပုံးပျံလွှတ်မည့်ကွင်းအတွင်း မီးပုံးပျံလွှတ်သူနှင့် ကြည့်ရှုသူများ အန္တရာယ်ကင်းရေးအတွက် ပျံကျဈေးသည်များကို ယခုနှစ်တွင် ရောင်းချခွင့် မပြုတော့သည့်အပြင် လောင်းကစားဝိုင်းများကိုလည်း ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် နှစ်စဉ်တန်ဆောင်တိုင်ပွဲတော်ကျင်းပလျှက်ရှိသော အဝေရာကွင်းအား ယခင်နှစ်များက ကွင်းတစ်လုံးကို ပုဂ္ဂလိကလေလံပေးလိုက်ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် ကွင်းတစ်ခြမ်းအား လေလံပေးပြီး ကျန်အပိုင်းကို ပွဲကျင်းပရေးကော်မတီမှ စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရသည်။
လေလံအောင်သူ အနေဖြင့်လည်း ယခင်နှစ်များကဲ့သို့ (၁၀)ပေပတ်လည် ဆိုင်ခန်းတစ်ခန်းအား နေရာအလိုက် ဈေးမြှင့်တင် ငှားရမ်းမှုများ လုပ်ဆောင်ခွင့် ရှိမည်မဟုတ်ဘဲ ကော်မတီမှ ချမှတ်ထားသည့် ကြမ်းခင်းဈေး (၂) သိန်းမှ အမြင့်ဆုံး (၃) သိန်းဖြင့်သာ ငှားရမ်းရမည်ဖြစ်ပြီး ပွဲတော်အတွင်း နှစ်စဉ် ပါဝင်လျှက်ရှိသော လောင်းကစားဝိုင်းများလည်း ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
တန်ဆောင်တိုင်မီးပုံပျံပွဲတော် ကျင်းပနိုင်ရေးအတွက် ဘဏ္ဍာရေး၊ ပွဲကျင်းပရေး၊ လုံခြုံရေး ကော်မတီ သုံးခုအပြင် အခြားကော်မတီ(၃)ခု ပါဝင်သည့် ကော်မတီ (၆)ခုဖြင့် တန်ဆောင် မီးပုံးပျံပွဲတော် ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းလုပ်ဆောင်နေခြင်းဖြစ်သည်။
သတင်း - နိုနို
“ဒီနှစ်မှာ လေလံကို တစ်ကွင်းလုံး မပေးပါဘူး။ မီးပုံပျံလွှတ်မယ့် ကွင်းတစ်ခြမ်းကို ကော်မတီက စီမံမယ်။ ကျန်တဲ့ အခြမ်းကိုပဲ လေလံပေးတယ်။ နောက်ပြီးမီးပုံးပျံ လွှတ်တဲ့သူတွေနဲ့ ကြည့်တဲ့သူတွေ အန္တရာယ်ကင်းစေဖို့ မီးပုံပျံလွှတ်မယ့် အခြမ်းမှာ ဘယ်ဈေးသည်မှ ပေးမရောင်းမှာ မဟုတ်ပါဘူး။” ဟု ပြည်နယ်အစိုးရ ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဥက္ကဌ၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။
တောင်ကြီးမြို့တွင် နှစ်စဉ်တန်ဆောင်တိုင်ပွဲတော်ကျင်းပလျှက်ရှိသော အေဝရာကွင်းအား ယခင်နှစ်များက ကွင်းတစ်လုံးကို ပုဂ္ဂလိကလေလံပေးလိုက်ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် ကွင်းတစ်ခြမ်းအား လေလံပေးပြီး ကျန်အပိုင်းကို ပွဲကျင်းပရေးကော်မတီမှ စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရသည်။
လေလံအောင်သူ အနဖြေင့်လည်း ယခင်နှစ်များကဲ့သို့ (၁၀)ပေပတ်လည် ဆိုင်ခန်းတစ်ခန်းအား နေရာအလိုက် ဈေးမြှင့်တင် ငှါးရမ်းမှုများ လုပ်ဆောင်ခွင့် ရှိမည်မဟုတ်ဘဲ ကော်မတီမှ ချမှတ်ထားသည့် ကြမ်းခင်းဈေး (၂) သိန်းမှ အမြင့်ဆုံး (၃) သိန်းဖြင့်သာ ငှါးရမ်းရမည်ဖြစ်ပြီး ပွဲတော်အတွင်း နှစ်စဉ် ပါဝင်လျှက်ရှိသော လောင်းကစားဝိုင်းများလည်း ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
“အရပ်သားဈေးသည်တွေ ရောင်းခွင့် မပြုဘူးဆိုတော့ ဒီနေရာမှာ နှစ်တိုင်းဖွင့်နေတဲ့ဈေးသည်တွေအတွက် ခွင့်ပြုတဲ့ တစ်ခြမ်းတည်းမှာ နေရာရဖို့ အခက်အခဲဖြစ်တယ်။ အခန်းတွေက ကျပ်သွားမယ်ထင်တာပဲ” ဟု နှစ်စဉ် မီးပုံးပျံပွဲတွင် ဈေးရောင်းသူ တစ်ဦးက ပြောသည်။
တန်ဆောင်တိုင်မီးပုံပျံပွဲတော် ကျင်းပနိုင်ရေးအတွက် ဘဏ္ဍာရေး၊ ပွဲကျင်းပရေး၊ လုံခြုံရေး ကော်မတီ သုံးခုအပြင် အခြားကော်မတီ(၃)ခု ပါဝင်သည့် ကော်မတီ (၆)ခုဖြင့် တန်ဆောင် မီးပုံးပျံပွဲတော် ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းလုပ်ဆောင်နခြေင်းဖြစ်သည်။
တောင်ကြီးမီးပုံးပျံပွဲတော်အား နိုဝင်ဘာလ (၆)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
သတင်း - နိုနို