ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ချယ်ရီသက်သေသိမ်းဆည်းမြေ ရှမ်းပြည်နယ်မြေယာပြဿနာများအား လေ့လာတင်ပြချက် အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - နိုနို
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် နှင့် CSO အဖွဲ့အစည်းများ၊ မြေသိမ်းခံတောင်သူဦးကြီးများ အပါအဝင် ချယ်ရီသက်သေမှ တာဝန်ရှိအဖွဲ့များ စုစုပေါင်း (၁၆၀)ဝန်းကျင် တက်ရောက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို