ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ဖိုရမ်အား ယနေ့ အောက်တိုဘာလ (၂၉)ရက်နေ့တွင် စတင်ကျင်းပနေပြီး အောက်တိုဘာလ(၃၀)ရက်နေ့အထိ (၂)ရက်တိုင်တိုင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ဖိုရမ်အား ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လူငယ်များအနေဖြင့် လူငယ်ရေးရာမူဝါဒများအကြောင်းကို သိရှိနိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်း လူငယ်များ၏ ဒေသတွင်း လိုအပ်ချက်များ အပေါ် အခြေခံသော နိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက် လာစေရေးတို့ အတွက် ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ရေးရာမူဝါဒ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓါတ်ပုံ - နိုနို
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် နှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး အပါအဝင် လူငယ်အဖွဲ့အစည်းများ စုစုပေါင်း လူအင်အား (၁၂၀)ဝန်းကျင် တက်ရောက်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ဖိုရမ်အား ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လူငယ်များအနဖြေင့် လူငယ်ရေးရာမူဝါဒများအကြောင်းကို သိရှိနိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်း လူငယ်များ၏ ဒေသတွင်း လိုအပ်ချက်များ အပေါ် အခြေခံသော နိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက် လာစေရေးတို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ရေးရာမူဝါဒ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နိုနို