ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ႐ွမ္းျပည္နယ္အမ်ိဳးသမီးေ႐းရာဥကၠဌက မူးယစ္ေဆးဝါးအႏၱရာယ္အသိပညာေပး ေဟာေျပာပဲြအား ေအာက္တိုဘာလ (၃) ရက္က က်င္းပေၾကာင္း သိရသည္။
"မူးယစ္ေဆးဝါးဆိုတာ စိတ္ၿငိမ္ေဆးအိပ္ေဆးကစလို႔ ေဆးေျခာက္၊ ဘိန္းျဖဴ၊ ဘိန္းမည္း၊ ဘိန္းေခ်း၊ အမ္ဖက္တမင္း၊ ဖင္စီဒုိင္းစတာေတြကုိ ဆိုလိုတာျဖစ္တယ္။ ယေန႔ေခတ္ကေလးငယ္ေတြဟာ စူးစမ္းလိုျခင္း၊ အေပါင္း အသင္း ဆြဲေဆာင္မွဳေၾကာင့္ သုံးစဲြျခင္း အေပါင္းအသင္းဆႏၵကုိ မလြန္ဆန္ႏိုင္ျခင္း၊ အထင္ႀကီးအားက်မိျခင္း၊ အသုိက္အဝန္းမွ ခြဲထုတ္ရန္ခက္ခဲျခင္း စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ေရာဂါတစ္ခုခုေၾကာင့္ ေဆးအျဖစ္ သုံးစဲြရာကေန စြဲသြားတာေတြ ေတြ႕ရပါတယ္။ မူးယစ္ေဆးဝါးသုံးမိလို႔ စိတ္ပိုင္းဆိုင္ရာ ခႏၶာကုိယ္ပုိင္းဆိုင္ရာ ခ်ိဳ႕ယြင္းၾကရတယ္။ ဒါေတြကုိက်န္းမာေရး၊ ပညာေရးဝန္ထမ္းေတြက ပညာေပးတာ အကူအညီေပးတာေတြလည္း လုပ္ေနၾကတယ္။ ဒါေတြကုိေျဖေလ်ာ့ဖို႔ အျပစ္တင္ျခင္းမျပဳလုပ္ဘဲ အားကစား ၊ ေပ်ာ္ရႊင္မွဳ အလုပ္အကုိင္ေတြေဆာင္ရြက္ေပးၿပီး ေျပာင္းလဲၾကရမယ္ "ဟု ႐ွမ္းျပည္နယ္အမ်ိဳးသမီးေရးရာအဖြ႔ဲဥကၠဌ ေဒၚခ်ိဳခ်ိဳျပံဳးက ေျပာသည္။
အဆိုပါအခမ္းအနားသုိ႔ မိုင္းဆတ္ခ႐ိုင္ မိုင္းတံုၿမိဳ႕နယ္မွ အမ်ိဳးသမီးေရးရာအဖြ႔ဲဝင္(၂၁)ဦးႏွင့္ အထက္တန္းအဆင့္ ေက်ာင္းသား/ေက်ာင္းသူ(၂၂၀)ဦး တက္ေရာက္ၾကသည္။
သတင္း/ဓာတ္ပံု - ေအာင္ေဇယ်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာဥက္ကဌက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲအား အောက်တိုဘာလ (၃) ရက်က ကျင်းပကြောင်း သိရသည်။
"မူးယစ်ဆေးဝါးဆိုတာ စိတ်ငြိမ်ဆေးအိပ်ဆေးကစလို့ ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဘိန်းချေး၊ အမ်ဖက်တမင်း၊ ဖင်စီဒိုင်းစတာတွေကို ဆိုလိုတာဖြစ်တယ်။ ယနေ့ခေတ်ကလေးငယ်တွေဟာ စူးစမ်းလိုခြင်း၊ အပေါင်း အသင်း ဆွဲဆောင်မှုကြောင့် သုံးစွဲခြင်း အပေါင်းအသင်းဆန္ဒကို မလွန်ဆန်နိုင်ခြင်း၊ အထင်ကြီးအားကျမိခြင်း၊ အသိုက်အဝန်းမှ ခွဲထုတ်ရန်ခက်ခဲခြင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဆေးအဖြစ် သုံးစွဲရာကနေ စွဲသွားတာတွေ တွေ့ရပါတယ်။ မူးယစ်ဆေးဝါးသုံးမိလို့ စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းကြရတယ်။ ဒါတွေကိုကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေက ပညာပေးတာ အကူအညီပေးတာတွေလည်း လုပ်နကြေတယ်။ ဒါတွေကိုဖြေလျော့ဖို့ အပြစ်တင်ခြင်းမပြုလုပ်ဘဲ အားကစား၊ ပျော်ရွှင်မှု အလုပ်အကိုင်တွေဆောင်ရွက်ပေးပြီး ပြောင်းလဲကြရမယ် "ဟု ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ချိုချိုပြုံးက ပြောသည်။
အဆိုပါအခမ်းအနားသို့ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်(၂၁)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၂၀)ဦး တက်ရောက်ကြသည်။
သတင်း/ဓာတ်ပုံ - အောင်ဇေယျ