ရခိုင်ပြည်နယ် မောင်တောနယ်ခြားစောင့်စခန်းသုံးခုအား အောက်တိုဘာလ (၉) ရက် နံနက် (၃)နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခံရပြီးနောက် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ မောင်တောဒေသသို့ သွားရောက်နေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
နယ်စပ်စခန်းသုံးခုအား တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် (၉)ဦးကျဆုံးပြီး စခန်းမှူးတစ်ဦး ပျောက်ဆုံးကာ အကြမ်းဖက်အဖွဲ့က လက်နက်များလည်း ယူဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက်တိုက်ခိုက်သည့်အဖွဲ့မှ သေဆုံးသူ (၇) ဦးရှိကာ တစ်ဦးကို ဖမ်းဆီးရမိထားသဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေပြီး တိုက်ခိုက်သည့်အဖွဲ့အား အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
“ဒီနေ့မနက်ပိုင်း ပြည်နယ်အစိုးရရုံးမှာ အရေးပေါ် အစည်းအဝေးလုပ်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ လုပ်ဆောင်ရမှာတွေကို ပြင်ဆင်နေပါတယ်။ မကြာမီ ထုတ်ပြန်သွားဖို့လည်း ရှိပါတယ်။ လတ်တလောတော့ အစိုးရအဖွဲ့က ဝန်ကြီးတွေ မောင်တောဘက်ကို သွားနေပါပြီ”ဟု ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဦးညွန့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နယ်စပ်စခန်းသုံးခုအား တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် (၉)ဦးကျဆုံးပြီး စခန်းမှူးတစ်ဦး ပျောက်ဆုံးကာ အကြမ်းဖက်အဖွဲ့က လက်နက်များလည်း ယူဆောင်သွားကြောငး် သိရသည်။
အကြမ်းဖက်တိုက်ခိုက်သည့်အဖွဲ့မှ သေဆုံးသူ (၇) ဦးရှိကာ တစ်ဦးကို ဖမ်းဆီးရမိထားသဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နပြေီး တိုက်ခိုက်သည့်အဖွဲ့အား အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - အင်မိုင်ခ