မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ မက်ီးသုံးပင္ေက်းရြာတြင္ စက္ေရတြင္းတူးေဖာ္ရန္ မေကြးၿမိဳ႕မွ ေစတနာရွင္မိသားစု၏ လွဴဒါန္းေငြက်ပ္ (၆၅)သိန္းေက်ာ္ရိွေသာ္လည္း ေရတြင္းတူးျခင္းမရိွေသးသျဖင့္ တာဝန္ရိွသူမ်ားအား ေငြစာရင္းရွင္းလင္းေပးရန္ ေဒသခံမ်ားက ေတာင္းဆိုလိုက္သည္။
“ကြ်န္ေတာ္တို႔ မက်ီးသုံးပင္ေက်းရြာရဲ႕ ေျမာက္ဘက္ျခမ္းက အိမ္ေထာင္စုေတြဟာ ဆင္းရဲႏြမ္းပါးၿပီး ေသာက္ သံုးေရရွားပါးေနတဲ႔အတြက္ မေကြးၿမိဳ႕က ဦးသက္ဝင္း၊ ေဒၚသက္သက္ဝင္း(စိန္ေဂဟာ)မိသားစုက အဝီစိ တြင္းတူးေဖာ္ဖို႔ (၆၅၄၀၀၀၀)က်ပ္ လွဴဒါန္းခဲ႔တာကို မင္းဘူးၿမိဳ႕နယ္ေက်းလက္ ေဒသဖြံ႔ၿဖိဳးေရး ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး နဲ႔ မက်ီးသုံးပင္ ေက်းရြာမွ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းတို႔က စက္ေရတြင္း အသစ္တူးေဖာ္ျခင္းမျပဳတဲ့ အျပင္ စာရင္းရွင္းတမ္းကိုလည္း ပြင္႔လင္းျမင္သာစြာ ခ်ျပရွင္းလင္း ျခင္းမျပဳခဲ႔ၾကတာေၾကာင္႔ အခုလို ရွင္းလင္းပဲြျပဳလုပ္ရတာျဖစ္ပါတယ္” ဟု မက်ီးသုံးပင္ေက်းရြာဖြံ႔ၿဖိဳးေရး ေကာ္မတီဥကၠဌ ဦးတင္ကိုက ေျပာသည္။
ေရတြင္းအသစ္တူးေဖာ္ရန္လွဴဒါန္းထားေသာ္လည္း ယခင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္းႏွင့္ မင္းဘူးၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴးတို႔က သမဝါယမဝန္းအတြင္းရိွ ေရတြင္းအေဟာင္းကိုသာ က်ပ္သိန္း (၃၀)ခန္႔အကုန္က်ခံကာ ျပဳျပင္ထားသျဖင့္ စာရင္းရွင္းလင္းေပးရန္ ေဒသခံမ်ားက ေအာက္တိုဘာ (၂၀)ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲက်င္းပၿပီး ေတာင္းဆိုလိုက္ၾကသည္။
အဆိုပါ ေက်းရြာတြင္ အိမ္ေျခ (၇၀၀) ေက်ာ္ႏွင့္ လူဦးေရ (၄၀၀၀) ခန္႔ရိွၿပီး ေရရွားပါးသည့္ ေဒသျဖစ္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
“ကျွန်တော်တို့ မကျီးသုံးပင်ကျေးရွာရဲ့ မြောက်ဘက်ခြမ်းက အိမ်ထောင်စုတွေဟာ ဆင်းရဲနွမ်းပါးပြီး သောက် သုံးရေရှားပါးနေတဲ့အတွက် မကွေးမြို့က ဦးသက်ဝင်း၊ ဒေါ်သက်သက်ဝင်း(စိန်ဂေဟာ)မိသားစုက အဝီစိ တွင်းတူးဖော်ဖို့ (၆၅၄၀၀၀၀)ကျပ် လှူဒါန်းခဲ့တာကို မင်းဘူးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နဲ့ မကျီးသုံးပင် ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်းတို့က စက်ရေတွင်း အသစ်တူးဖော်ခြင်းမပြုတဲ့ အပြင် စာရင်းရှင်းတမ်းကိုလည်း ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်း ခြင်းမပြုခဲ့ကြတာကြောင့် အခုလို ရှင်းလင်းပွဲပြုလုပ်ရတာဖြစ်ပါတယ်” ဟု မကျီးသုံးပင်ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဥက္ကဌ ဦးတင်ကိုက ပြောသည်။
ရေတွင်းအသစ်တူးဖော်ရန်လှူဒါန်းထားသော်လည်း ယခင်အုပ်ချုပ်ရေးမှူးဟောင်းနှင့် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က သမဝါယမဝန်းအတွင်းရှိ ရေတွင်းအဟောင်းကိုသာ ကျပ်သိန်း (၃၀)ခန့်အကုန်ကျခံကာ ပြုပြင်ထားသဖြင့် စာရင်းရှင်းလင်းပေးရန် ဒေသခံများက အောက်တိုဘာ (၂၀)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ကြသည်။
အဆိုပါ ကျေးရွာတွင် အိမ်ခြေ (၇၀၀) ကျော်နှင့် လူဦးရေ (၄၀၀၀) ခန့်ရှိပြီး ရေရှားပါးသည့် ဒေသဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်