မီးေဘးအႏၱရာယ္ မျဖစ္ေပၚေစေရးအတြက္ ညမီးႀကီးမီးပံုးပ်ံမ်ား ျပဳလုပ္ေနမႈကို ေတာင္ႀကီး မီးသတ္မွ လိုက္လံစစ္ေဆး

မီးေဘးအႏၱရာယ္ မျဖစ္ေပၚေစေရးအတြက္ ညမီးႀကီးမီးပံုးပ်ံမ်ား ျပဳလုပ္ေနမႈကို ေတာင္ႀကီး မီးသတ္မွ လိုက္လံစစ္ေဆး
အောက်တိုဘာ 26, 2016
By Tachileik News Agency

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ကာလအတြင္း ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ မီးပံုးပ်ံမ်ား ျပဳလုပ္ေနမႈႏွင့္ ပတ္သက္၍  ညမီးႀကီးမ်ား ျပင္ဆင္ေနမႈႏွင့္ ယမ္းအသံုးျပဳကာ ေဆာင္ရြက္ေနမႈကို မီးေဘးအႏၱအရာယ္ မျဖစ္ေပၚေစရန္အတြက္ ေတာင္ႀကီး ခရိုင္/ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔မွ သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

တန္ေဆာင္တိုင္ကာလအတြင္း ၿပိဳင္ပြဲ၀င္ေရာက္မည့္ ညမီးႀကီး မီးပံုးပ်ံမ်ား ျပဳလုပ္ေနမႈႏွင့္ ပတ္သက္၍ ေတာင္ႀကီးခရိုင္ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူ ႏွင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ေက်ာ္ကို အပါအ၀င္ တပ္ဖြဲ႔၀င္မ်ား ႏွင့္ တာ၀န္ရွိသူမ်ားက ေအာက္တိုဘာလ(၂၆)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က သြားေရာက္စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ညမီးႀကီး ျပဳလုပ္ေနတဲ့ ေနရာေတြကို လိုက္စစ္ေနတာပါ၊ ယမ္းကို အသံုးျပဳၿပီး ေဆာင္ရြက္ေနတာေတြမွာ အခုလို ျပဳလုပ္ေနစဥ္ ကာလမွာ အမွတ္မထင္ မီးေလာင္မႈေတြ မျဖစ္ေအာင္လို႔ ေလာေလာဆယ္ေတာ့ စာရင္းရရွိထားသေလာက္ လိုက္စစ္ေနတာ၊ ညမီးႀကီး (၁၄)လံုး ရွိပါတယ္။ မီးပံုးပ်ံ စာရင္းေပါင္းခ်ဳပ္ ကေတာ့ ညေနေလာက္မွ အတည္ျပဳမယ္လို႔ သိရပါတယ္"ဟု ေတာင္ႀကီးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဦးစီးမွဴး ဦးေက်ာ္ေက်ာ္ကိုက Tachileik News Agency သို႔ ေျပာသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္အား ေတာင္ႀကီးၿမိဳ႕ရွိ အေ၀ရာမီးပံုးပ်ံၿပိဳင္ကြင္းတြင္ ေအာက္တိုဘာလ (၆)ရက္ေန႔မွ ေအာက္တိုဘာလ (၁၅)ရက္ေန႔အထိ က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရၿပီး၊ ၿပိဳင္ပြဲ၀င္ မီးပံုးပ်ံမ်ားမွာ ယခင္ႏွစ္ထက္ ပိုမိုမ်ားျပားေၾကာင္း သိရသည္။

ဓါတ္ပံု - ေတာင္ႀကီးၿမိဳ႕နယ္မီးသတ္


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံများ ပြုလုပ်နေမှုနှင့် ပတ်သက်၍ ညမီးကြီးများ ပြင်ဆင်နေမှုနှင့် ယမ်းအသုံးပြုကာ ဆောင်ရွက်နေမှုကို မီးဘေးအန္တအရာယ် မဖြစ်ပေါ်စေရန်အတွက် တောင်ကြီး ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ကာလအတွင်း ပြိုင်ပွဲဝင်ရောက်မည့် ညမီးကြီး မီးပုံးပျံများ ပြုလုပ်နေမှုနှင့် ပတ်သက်၍ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ကို အပါအဝင် တပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ညမီးကြီး ပြုလုပ်နေတဲ့ နေရာတွေကို လိုက်စစ်နေတာပါ၊ ယမ်းကို အသုံးပြုပြီး ဆောင်ရွက်နေတာတွေမှာ အခုလို ပြုလုပ်နေစဉ် ကာလမှာ အမှတ်မထင် မီးလောင်မှုတွေ မဖြစ်အောင်လို့ လောလောဆယ်တော့ စာရင်းရရှိထားသလောက် လိုက်စစ်နေတာ၊ ညမီးကြီး (၁၄)လုံး ရှိပါတယ်။ မီးပုံးပျံ စာရင်းပေါင်းချုပ် ကတော့ ညနေလောက်မှ အတည်ပြုမယ်လို့ သိရပါတယ်"ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်ကိုက Tachileik News Agency သို့ ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အား တောင်ကြီးမြို့ရှိ အေဝရာမီးပုံးပျံပြိုင်ကွင်းတွင် အောက်တိုဘာလ (၆)ရက်နေ့မှ အောက်တိုဘာလ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပြီး၊ ပြိုင်ပွဲဝင် မီးပုံးပျံများမှာ ယခင်နှစ်ထက် ပိုမိုများပြားကြောင်း သိရသည်။

ဓာတ်ပုံ - တောင်ကြီးမြို့နယ်မီးသတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~