ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယနေ့ အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက မိုးများဆက်တိုက် ရွာသွန်းခြင်းကြောင့် နောင်ချို - မန္တလေး - လားရှိုးသွား ပြည်ထောင်စုလမ်း၊ နောင်ချိုမြို့ တိုးဂိတ်အနီးတစ်လျှောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျှက်ရှိပြီး နေ့လယ်ပိုင်းအချိန်ထိ ရေကြီး
"ရေကတော့ အရမ်းကြီး ကြီးတာတော့ မဟုတ်ဘူး၊ မနက်ကတည်းက မိုး ဆက်တိုက်ရွာနေတော့ အခု လမ်းပေါ်မှာရေတွေက မကျသေးဘူး။ ခြေသလောက် မရှိသရှိ တော့ ရှိတယ်။ လဝက ရုံးဘေးနားက ချောင်းကရေလျှံတာလည်းပါတယ်။"ဟု နောင်ချိုဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ လမ်းမပေးတွင် ရေများလျှံနေမှုကြောင့် စိုးရိမ်ဖွယ်မရှိသော်လည်း နံနက်ပိုင်းမှ ရေလျှံနေမှုသည် ညနေ(၃)နာရီအချိန်ထိ ရေများ ကျဆင်းသွားခြင်း မရှိသေးကြောင်း သိရသည်။