တနင်္သာရီတိုင်းအတွင်း ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် မြိတ် - ပုလောနှင့် တနင်္သာရီ မြို့နယ်များတွင် မုန်တိုင်းအန္တရာယ် ကြိုတင်သတိပေးမှု ထုတ်ပြန်ပြီးနောက် ဒေသအလိုက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အဆင်သင့်ပြင်ထားပြီ ဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
တိုင်းဒေသကြီး မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနရုံးမှ ထူးခြားမိုးလေ၀သသတင်းများ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပြီး (၄၈) နာရီအတွင်း ပိုမိုအားကောင်းလာသော မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း နှင့် သက်ဆိုင်ရာမြို့နယ်များသို့ သတိပေးထားကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထံမှ သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)
“လက်ရှိမှာတော့ ကျွန်တော်တို့ ဌာနက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဆိုပြီး (၃၅)ဦးပါ အဖွဲ့ (၂) ဖွဲ့ကို ပြင်ဆင်ထားပါတယ်။ သဘာဝဘေး အန္တရာယ်များနှင့်မုန်တိုင်း အန္တရာယ်များ ကျရောက်ပါက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နဲ့တပြေးညီဖြစ်အောင် အရန်သင့် ပြင်ထားလျှက်ရှိပါတယ်”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။
တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနရုံးမှ ထူးခြားမိုးလေဝသသတင်းများ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနပြေီး (၄၈) နာရီအတွင်း ပိုမိုအားကောင်းလာသော မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း နှင့် သက်ဆိုင်ရာမြို့နယ်များသို့ သတိပေးထားကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထံမှ သိရသည်။
လက်ရှိတွင် တနင်္သာရီနှင့် ကျွန်းစုဒေသများရှိ ကျေးရွာများကို ပြေးဆွဲနေသော အမြန်ရေယာဉ်များ ရေလမ်းခရီးသွား ပြည်သူများ ဘေးရန် ကင်းဝေစွာ သွားလာနိင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ အောက်ခြေတွင် ကွင်းဆင်းပြီး စနစ်တကျ စီစဉ်စစ်ဆေးမှုများ ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များ၏ အရေးပေါ် လူနာတင် ကယ်ဆယ်ရေး ယာဉ်များလည်း မုန်တိုင်းသတင်းကြောင့် ကူညီကယ်ဆယ်ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)