တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုံရှိ ကင်းမွန်ပြုတ် အလုပ်ရုံများတွင် ကျောက်မီးသွေးသုံး ဘွိုင်လာစက်ကြီးများကို တပ်ဆင် အသုံးပြုရန် ပြင်ဆင်လာကြသဖြင့် အောက်တိုဘာလ (၃၁) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရ၏ တားမြစ်ချက်ကြောင့် ဒီရေတောထင်းလောင်စာကို အသုံးမပြုတော့ဘဲ ရာဘာပင်အိုပင်ဟောင်းများကို ထင်းအဖြစ် ဝယ်ယူသုံးစွဲနေကြကြောင်း သိရသည်။
ကင်းမွန်ပြုတ် အလုပ်ရုံများ၏ လက်ရှိ လောင်စာအသုံးပြုမှု အခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရ၏ တားမြစ်ချက်ကြောင့် ဒီရေတောထင်းလောင်စာကို အသုံးမပြုတော့ဘဲ ရာဘာပင်အိုပင်ဟောင်းများကို ထင်းအဖြစ် ဝယ်ယူသုံးစွဲနကြေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)