ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္ ဖာခ်ယ္ေက်းရြာအုပ္စု ဖာခ်ယ္သုသာန္တြင္ အုတ္ဂူတစ္လံုးအား ေဖာက္ထြင္း၍ အေလာင္းကို အမ်ားျပည္သူသြားလာေနသည့္လမ္းေပၚသို႔ စြန္႔ပစ္ထားသျဖင့္ ေအာက္တိုဘာလ (၂၇)ရက္ေန႔ နံနက္တြင္ ျပန္လည္ဂူသြင္းလုိက္ရေၾကာင္း သိရသည္။
"အေလာင္းေတြ႔တယ္ဆိုၿပီး ေစ်းလာသူေတြက ေျပာလို႔သြားၾကည့္တယ္။ အသားေတြက ေျခာက္ေသြ႔ေနၿပီ။ ဂူတစ္လံုးေတာ့ ေဖာက္ထားတာေတြ႕ရတယ္။ မူးယစ္ေဆးသုံးထားသူတစ္ဦးဦး ဒါမွ မဟုတ္ စိတ္မႏွံ႔သူတစ္ဦး လက္ခ်က္ျဖစ္ႏိုင္တယ္။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကုိ ေခၚထားတယ္"ဟု နယ္ထိန္ရဲတပ္ဖြဲ႔၀င္ တစ္ဦးက ေျပာသည္။
ေဖာက္ထြင္းထားသည့္ အုတ္ဂူမွာ ႐ွမ္းစာျဖင့္ မယ့္ေထာက္တစ္(ပ္)အသက္ (၁၀၃)ႏွစ္ (၂၃/၄/၂၀၁၆)ကြယ္လြန္ဟု ေရးထိုးထားၿပီး အေလာင္းအား သုသာန္မွ ေပ(၁၅၀)ခန္႔အကြာ လမ္းေပၚတြင္ ေတြ႔ရျခင္းျဖစ္သည္။
"ဖာခ်ယ္ေက်းရြာက မွန္ပါတယ္။ သားသမီးေတြကုိ အေၾကာင္းၾကားထားပါၿပီ။ စစ္ေဆးၿပီးတာန႔ဲအေလာင္း ကုိ ဂူျပန္သြင္းဖို႔ စီစဥ္ေနပါတယ္"ဟု ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးစု္ိင္းေအာင္ေဖက Tachileik News Agency သို႔ေျပာသည္။
အေလာင္းအား ယေန႔နံနက္ (၉)အခ်ိန္ခန္႔တြင္ ျပန္လည္ဂူသြင္းခ့ဲၿပီး ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ စုံစမ္းစစ္ေဆးမွဳမ်ားအား ၿမိဳ႕မရဲစခန္းမွ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရိွရသည္။
သတင္း/ဓာတ္ပံု - ေအာင္ေဇယ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာအုပ်စု ဖာချယ်သုသာန်တွင် အုတ်ဂူတစ်လုံးအား ဖောက်ထွင်း၍ အလောင်းကို အများပြည်သူသွားလာနေသည့်လမ်းပေါ်သို့ စွန့်ပစ်ထားသဖြင့် အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်တွင် ပြန်လည်ဂူသွင်းလိုက်ရကြောင်း သိရသည်။
"အလောင်းတွေ့တယ်ဆိုပြီး ဈေးလာသူတွေက ပြောလို့သွားကြည့်တယ်။ အသားတွေက ခြောက်သွေ့နပြေီ။ ဂူတစ်လုံးတော့ ဖောက်ထားတာတွေ့ရတယ်။ မူးယစ်ဆေးသုံးထားသူတစ်ဦးဦး ဒါမှ မဟုတ် စိတ်မနှံ့သူတစ်ဦး လက်ချက်ဖြစ်နိုင်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်ထားတယ်"ဟု နယ်ထိန်ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဖောက်ထွင်းထားသည့် အုတ်ဂူမှာ ရှမ်းစာဖြင့် မယ့်ထောက်တစ်(ပ်)အသက် (၁၀၃)နှစ် (၂၃/၄/၂၀၁၆)ကွယ်လွန်ဟု ရေးထိုးထားပြီး အလောင်းအား သုသာန်မှ ပေ(၁၅၀)ခန့်အကွာ လမ်းပေါ်တွင် တွေ့ရခြင်းဖြစ်သည်။
"ဖာချယ်ကျေးရွာက မှန်ပါတယ်။ သားသမီးတွေကို အကြောင်းကြားထားပါပြီ။ စစ်ဆေးပြီးတာနဲ့အလောင်း ကို ဂူပြန်သွင်းဖို့ စီစဉ်နေပါတယ်"ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစု်ိင်းအောင်ဖေက Tachileik News Agency သို့ပြောသည်။
အလောင်းအား ယနေ့နံနက် (၉)အချိန်ခန့်တွင် ပြန်လည်ဂူသွင်းခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအား မြို့မရဲစခန်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
သတင်း/ဓာတ်ပုံ - အောင်ဇေယျ