ပညာေရး၀န္ႀကီးဌာနမွ ဘတ္ဂ်က္ က်ပ္(၃၅.၁)သန္းျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္၊ မိုင္းဟန္ေက်းရြာအုပ္စု၊ နားေကာင္းမႈရြာအပိုင္း(၂)တြင္ (ပံုအံ့)မူလတန္းလြန္ ေက်ာင္းေဆာင္သစ္ တည္ေဆာက္ေနေသာ္လည္း အျခားလိုအပ္ခ်က္မ်ား ရိွေနေၾကာင္း သိရသည္။
"ကေလးေတြ အတြက္ ေသာက္ေရ အခက္အခဲ ရွိပါတယ္။ ေရကန္တစ္ကန္လည္း လိုအပ္ပါတယ္။ သင္ၾကားေရး အေနနဲ႔ ဆရာ၊ ဆရာမလိုအပ္ခ်က္နဲ႔ ေက်ာင္းအုပ္လိုအပ္ပါတယ္"ဟု ေက်ာင္းတာ၀န္ခံ ဆရာမ ေဒၚေကသီေအာင္က ေျပာသည္။
အဆိုပါေက်ာင္းေဆာင္သစ္အား ေရႊနန္းမဥၥဴကုမၸဏီက စက္တင္ဘာ(၁)ရက္ေန႔တြင္ စတင္တာဝန္ယူ ေဆာက္လုပ္ေနၿပီး ႏိုဝင္ဘာလကုန္တြင္ အၿပီးသတ္တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။
လတ္တေလာတြင္ ေက်ာင္းေဆာင္ တည္ေဆာက္ေရး အေျခအေနအား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဦး၊ ၿမိဳ႕နယ္ပညာေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ကြင္းဆင္းစစ္ေဆးၾကည့္ရွဳရာတြင္ လက္ရိွ အေနအထားမွာ သတ္မွတ္ စံခ်ိန္စံညႊန္းမ်ားအတုိင္း လုပ္ေဆာင္ထားသည္ဟု ၿမိဳ႕နယ္ပညာေရးမွဴး ဦးေမာင္ေမာင္က ေျပာသည္။
အဆိုပါ ေက်ာင္းတြင္ လက္ရွိပညာသင္ၾကားေနသည့္ ေက်ာင္းသားအင္အား (၃၀၇)ဦးရွိေနရာ မူလေက်ာင္းေဆာင္ ေဟာင္းတြင္ ေနရာမလံုေလာက္သျဖင့္ ကိုယ္ထူ ကိုယ္ထစနစ္ျဖင့္ ယာယီေက်ာင္းေဆာင္တစ္ခုကို ေဒသခံမ်ားမွ ေဆာက္လုပ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။
"ကလေးတွေ အတွက် သောက်ရေ အခက်အခဲ ရှိပါတယ်။ ရေကန်တစ်ကန်လည်း လိုအပ်ပါတယ်။ သင်ကြားရေး အနေနဲ့ ဆရာ၊ ဆရာမလိုအပ်ချက်နဲ့ ကျောင်းအုပ်လိုအပ်ပါတယ်"ဟု ကျောင်းတာဝန်ခံ ဆရာမ ဒေါ်ကေသီအောင်က ပြောသည်။
အဆိုပါကျောင်းဆောင်သစ်အား ရွှေနန်းမဉ္စူကုမ္ပဏီက စက်တင်ဘာ(၁)ရက်နေ့တွင် စတင်တာဝန်ယူ ဆောက်လုပ်နပြေီး နိုဝင်ဘာလကုန်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ကျောင်းဆောင် တည်ဆောက်ရေး အခြေအနေအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် လက်ရှိ အနေအထားမှာ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း လုပ်ဆောင်ထားသည်ဟု မြို့နယ်ပညာရေးမှူး ဦးမောင်မောင်က ပြောသည်။
အဆိုပါ ကျောင်းတွင် လက်ရှိပညာသင်ကြားနေသည့် ကျောင်းသားအင်အား (၃၀၇)ဦးရှိနေရာ မူလကျောင်းဆောင် ဟောင်းတွင် နေရာမလုံလောက်သဖြင့် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ယာယီကျောင်းဆောင်တစ်ခုကို ဒေသခံများမှ ဆောက်လုပ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်ဇေယျ